Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 16, 2026

မတ္တရာမှာ ဗိုလ်မှူး ကျော်ဇေယျ ဦးစစ်တဲ့စစ်ကြောင်းကို တိုက်ခိုက်လို့ စစ်သား ၁၂ဦးသေဆုံးပြီး လက်နက် ၉လက်ရရှိ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ဆောက်ခြံပေါက်ကျေးရွာမှာ ဗိုလ်မှူး ကျော်ဇေယျ ဦးစစ်တဲ့စစ်ကြောင်းကို တိုက်ခိုက်လို့ စစ်သား ၁၂ဦးသေဆုံးပြီး လက်နက် ၉လက်ရရှိခဲ့ကြောင်း အမှတ် ၁စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။အမှတ် (၉၁၀) စစ်အင်ဂျင်နီယာတပ်ရင်းကနေ ထွက်လာတဲ့ အဲ့ဒီစစ်ကြောင်းကို နိုဝင်ဘာ ၁၇ရက် မနက်ပိုင်းမှာ ပြင်ဦးလွင်ခရိုင်ကွပ်ကဲရေးမှူး၏ကွပ်ကဲမှုနဲ့ အမှတ် (၅၁၀) တပ်ရင်း၊ မန္တလေးခရိုင် ပကဖ၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မတ္တရာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာပါ။တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ (၁၂) ဦး သေဆုံးပြီး MA-15 (ငါးကြင်းမြီး) နဲ့ MA-10 (RPG) အပါ လက်နက် (၉) လက်၊ RPG ဒုံးသီး (၈) လုံး၊ ၆၀ မမ ဗုံးသီး (၅) လုံး၊ အီနာဂါ ဗုံးသီး (၅) လုံး၊ 5.56 ကျည် (၃၅၁) တောင့်၊ G-3 ကျည် (၂၄၈) တောင့်၊ MA ကျည်အိမ် (၇) ခု၊ ကျည်အိမ်အဝိုင်း (၁) ခု၊ MA-15 ကျည်ခါးပတ် (၁) ခု၊ Equipment (၁) ခု၊ ယူနီဖောင်း (၂) စုံ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

မတ္တရာကို ဝင်လာတဲ့ အဲ့ဒီစစ်ကြောင်းဟာ မန္တ‌လေးခရိုင်၊ အောင်မြေသာစံမြို့နယ်ရှိ စအရ-၉၁၀ (အမှတ်-၉၁၀ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း) မှာ အင်အားစုဖွဲ့ပြီး သဖန်းဒေါင့်ရွာကတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။စစ်ကောင်စီဟာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် နမခ တက် Mi-35 နဲ့ ပစ်ခတ် တိုက်ခိုက်ပြီး မိတ္ထီလာက တက်လာတဲ့ ဂျက်တိုက်လေယာဉ်နဲ့ (၃) ကြိမ် ဗုံးကြဲ တိုက်ခိုက်သလို ဂျက်တိုက်လေယာဉ်နဲ့ (၂) ကြိမ် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။မတ္တရာမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ ဇွန်လက ၁၀၂၇စစ်ဆင်ရေးဒုတိယပိုင်းအတွင်း စတင်တိုက်ခိုက်ခဲ့ပြီးမတ္တရာမြို့နယ်ရှိ Alpha ဘိလပ်မြေစက်ရုံ၊ လေကြောင်းရန်ကာကွယ်ရေးတပ်၊ တောင်တံငါ တပ်စခန်းအပါအဝင် တပ်စခန်း ၃၀ကျော် သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးက ဇူလိုင်လ ၁၆ရက်မှာ ထုတ်ပြန်ထားပါတယ်။မတ္တရာအရှေ့ခြမ်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားပြီဖြစ်ပြီး ကျန်ရှိနေတဲ့ မတ္တရာမြို့ အနောက်ခြမ်းမှာတော့ နိုဝင်ဘာ ၁၇ရက်ကစလို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

You may have missed