ရခိုင်ပြည်နယ်မှာ အမ်း၊ မောင်တော၊ တောင်ကုတ်မြို့တွေကို သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော် AA က အပြင်းအထန်ထိုးစစ်ဆင်နေသလို ကချင်အထူးဒေသ ၁က နောက်ဆုံးကျန်နေတဲ့ ကန်ပိုင်တီမြို့ကို KIA က မနေ့က နိုဝင်ဘာ ၂၀ရက် မှာ ထိန်းချုပ်လိုက်စဉ်မှာပဲ ချင်းပြည်နယ် မှာလည်း မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်နေတာပါ။ချင်းညီနောင်စစ်ဆင်ရေး Operation CB ကို ချင်းပြည်နယ် မင်းတပ်မြို့နယ် ဖလမ်းမြို့တွေမှာ နိုဝင်ဘာ ၉ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ၁၀ရက်ကျော်လာချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။
မင်းတပ်မြို့ရဲ့ ၆၀ရာခိုင်နှုန်းကျော်ကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်စိုးမြိုးထားပြီး အသာစီးရနေပြီလို့ ဒေသတွင်း သတင်းအရင်းမြစ်တွေက ဖော်ပြပါတယ်။မင်းတပ်မြို့ဟာ ယောဒေသတဆင့် မကွေးတိုင်းနဲ့ ထိစပ်နေတာကြောင့် တော်လှန်ရေးတပ်တွေ မကွေးတိုင်းထဲ မဆင်းလာနိုင်ရေး စစ်ကောင်စီက လက်နက်ကြီးပစ်တာ လေကြောင်းတိုက်ခိုက်မှုတွေအပြင် နေအိမ်တွေကို မီးရှို့တာတွေလုပ်ဆောင်ပြီး အပြင်းအထန် ခုခံကာကွယ်နေပါတယ်။
ဒေသခံတွေအားလုံးနီးပါးလည်း တိမ်းရှောင်နေရပြီး ထွက်ပြေးလာသူတွေကို တော်လှန်ရေးတပ်တွေက ကယ်ထုတ်ပေးထားတယ်လို့ သိရပါတယ်။စခန်းသိမ်းပိုက်နိုင်မှုနဲ့ စစ်ရေးအခြေအနေကို ထုတ်ပြန်သွားမယ်လို့ လဲ CDF မင်းတပ်တာဝန်ရှိသူ ဆလိုင်းယောမန်က မီဒီယာကို ဖြေကြားထားပါတယ်။ချင်းပြည်နယ်မှာ သိမ်းပိုက်ဖို့အတွက် မြို့တော် ဟားခါး၊ ကန်ပက်လက်၊ မင်းတပ် နဲ့ ဖလမ်းမြို့တို့သာ ကျန်ရှိနေပြီး မြို့ ၇မြို့ကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ