Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
June 25, 2026

ပခုက္ကူလေဆိပ်အထိုင်စခန်းကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ပခုက္ကူလေဆိပ်စစ်တပ်အထိုင်စခန်းကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိကြောင်း Shwe Nyar Myae PDFက ထုတ်ပြန်ပါတယ်။နိုဝင်ဘာလ ၁၅ရက်နေ့မနက်ပိုင်းမှာ ပခုက္ကူလေဆိပ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၅၀၀မမ လနကြီး (၃)လုံးနဲ့ Rocket (၁၀)လုံးကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားများ အထိုင်ချရာနေရာအနီး ကျရောက်ပေါက်ကွဲခဲ့လို့ ထိခိုက်မှုတွေရှိခဲ့ပြီး သေဆုံးမျုတွေ ရှိတယ်လို့ ကနဦးသိရှိရပါတယ်။အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ရေစကြိုတပ်ပေါင်းစု၊ ဒေါင်းသွေးနီ၊ မြိုင်လနကြီးမဟာမိတ်အဖွဲ့များနဲ့ Shwe Nyar Myae PDFတို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

You may have missed