Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 4, 2026

ယင်းမာပင်မြို့ပေါ်ရှိ စစ်တပ်အထိုင်နေရာတွေကို တပြိုင်နက် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ စစ်တပ်အထိုင်နေရာတွေကို လက်နက်ကြီးတွေနဲ့ တပြိုင်နက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Dynamite အဖွဲ့ထံက သိရပါတယ်။နိုဝင်ဘာ ၁၃ရက် ညနေ ၃နာရီခွဲခန့်မှာ တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ယင်းမာပင်မြို့ပေါ်ရှိ စခန်း၊ အမျိုးသားဥယျာဉ်၊ ခရိုင်စုပေါင်းရုံး၊ ရေအရင်းမြစ်ဂိတ်နဲ့ ယင်းမာပင်ဆေးရုံကြီးတို့မှာ တပ်စွဲ့ထားတဲ့ စစ်တပ်အထိုင်နေရာတွေကို ၆၀မမ ၊ ၈၀မမ၊ ၁၂၀မမတို့နဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ဘက်က အထိနာပြီး ၆၀မမ၊ စက်လက်၊ Gunငယ်များဖြင့် ပြန်လည်ပစ်ခတ်ပေမယ့် တော်လှန်ရေးမဟာမိတ်များဘက်မှ အထိအခိုက်အကျအဆုံးမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။အဆိုပါတိုက်ခိုက်မှုတွေကို ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Salingyi) ၊ ယင်းမာင်ခရိုင် တပ်ရင်း(၃၅)တပ်ခွဲ(၃)တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ ၊ ယင်းမာပင်ခရိုင် တပ်ရင်း(၃၅)တပ်ခွဲ(၃)တပ်စိတ်(၁)5/Fighter(Monyawa) ၊ နယ်ခံကာကွယ်ရေးတပ်တွေပူးပေါင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

You may have missed