Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
April 24, 2026

စစ်ကောင်စီ စစ်ကူ စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်လို့ ရဲအရာရှိ ၁ ဦး အပါအဝင် ၉ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီ တပ်သားများ လိုက်ပါလာတဲ့ ကား ၁ စီးနဲ့ စစ်ကူ စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ ရဲအရာရှိ ၁ ဦး အပါအဝင် ၉ ဦး သေဆုံးခဲ့ကြောင်း PDF-Kalay မိုင်းတပ်ဖွဲ့ထံက သိရပါတယ်။နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်မှာ ကလေးမြို့ထဲကနေ ကလေးကွန်ပျူတာ တက္ကသိုလ်ကို ထွက်လာတဲ့ စစ်ကောင်စီ တပ်သား ၆ ဦးခန့် ပါ ကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့တွေက အသင့်စောင့်ဆိုင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှု အတွင်း ကားမှာ မိုင်းထိမှန်ပြီး ကားထိုးရပ်သွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ကာ ကျီးကုန်းဘက်က ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းနဲ့ ကွန်ပျုတာတက္ကသိုလ်မှ ခြေလျင် စစ်ကြောင်းတို့ စစ်ကူ ရောက်ရှိလာတာကြောင့် မိုင်းတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များနဲ့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်သားများက တော်လှန်ရေးတပ်ဖွဲ့များ မြေမြုပ်ထားတဲ့ မိုင်းကွင်း ပေါ် နေရာယူမိတာကြောင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ရဲအရာရှိ ၁ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၉ ဦးထက်မနည်း သေဆုံးခဲ့ကာ ပစ်ခတ်မှု ဖြစ်ပွားတဲ့ နေရာကို အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် လက်နက်များ ကောက်ယူနိုင်ခြင်းမရှိဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ဆိုပါတယ်။အဆိုပါ တိုက်ခိုက်မှုကို မိုင်းတပ်ဖွဲ့နဲ့ Operation MoMo အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

You may have missed