Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 2, 2026

ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်သားများရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ပြည်သူ ၂၀နီးပါးရှိလာ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အကြမ်းဖက်စစ်သားများရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ပြည်သူ ၂၀နီးပါးရှိလာပြီလို့ ရွာဇော်ကြီး တော်လှန်အသံထံက သိရပါတယ်။အောက်တိုဘာ ၅ ရက်နေ့မှစပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခတပ်စခန်းမှထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေဟာ စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့နယ်အတွင်းသို့ စစ်ကြောင်းများထိုးမှုများ ပြုလုပ်ကာ ပြည်သူ (၇၀) ဝန်းကျင်ခန့်ကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်။

အကြမ်းဖက်စစ်သားများရဲ့ ရက်စက်ယုတ်မာမှုကြောင့် ဓားစာခံအဖြစ်ဖမ်းဆီးခံခဲ့ရသော ပြည်သူများထဲမှ ဖမ်းဆီးခံပြည်သူ (၁၉) ဦးဟာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ဘုတလင်မြို့ ဗန္ဓုလကွက်သစ်မှ မိသားစုဝင်ပြည်သူ ၆ဦး ၊ မြောက်ကျီရွာမှ ပြည်သူ ၂ဦး ၊ စီပါရွာမှ ပြည်သူ ၆ဦး ၊ အိုင်ပေါင်းချောင်ရွာမှ ပြည်သူ ၂ဦး ၊ အင်းတဲရွာမှ ပြည်သူ ၁ဦး ၊ သဖန်းရွာမှ ပြည်သူ ၁ဦး နှင့် ယနေ့ သပြပင်ရွာဦး မူးဘောင်အနီးတွင် လည်း အသက် ၅၀ ဝန်းကျင်ရှိ တိုးတိုးမင်း (ခ) ကိုတိုး ဆိုသော သဖန်းရွာခံ ပြည်သူအလောင်း တစ်လောင်း ထပ်မံတွေ့ရှိခဲ့​​ပြီး သဖန်းရွာမှ စုစုပေါင်း ၂ဦး ဟာ အကြမ်းဖက်စစ်သားများရဲ့ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ဖမ်းဆီးခံပြည်သူ အချို့ ပြန်လည်လွတ်မြောက်ခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ အကြမ်းဖက်စစ်သားများ ဖမ်းဆီးထားတဲ့ ပြည်သူ (၄၀)ကျော်ဝန်းကျင်အထိ ရှိနေသေး​ပြီး အဆိုပါ အကြမ်းဖက်စစ်သားများသည် ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများကို နေ့စဥ်နှင့်အမျှ စစ်ကြောင်းထိုးမှုများ ပြုလုပ်နေကြောင်း သိရပါတယ်။

You may have missed