Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 21, 2026

အတင်းအဓမ္မ စစ်သားသစ် စုဆောင်းခံရသူ ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

မကွေးတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မ စစ်သားသစ် စုဆောင်းခံရသူ ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ကြိုးကြာနီတပ်ရင်း တပ်ရင်း ၇ က ထုတ်ပြန်ပါတယ်။စစ်ကောင်စီ တပ်သား ၂ ဦးဟာ မကွေးအရှေ့ခြမ်းပြည်သူ့ကာကွယ်ရေးတပ်တော် ကြိုးကြာနီတပ်ရင်း တပ်ရင်း ၇ ထံကို ဆက်သွယ်ပြီး အလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီ တပ်သား ၂ ဦးဟာ MA-11 သေနတ် ၂ လက် ၊ ကျည်ဘောက် ၆ ဘောက် ၊ ၅.၅၆ ကျည် ၂၀၀ ဝန်းကျင်ခန့် ၊ လက်ပစ်ဗုံး ၁ လုံး ၊ ၁၄ နင်းမိုင်း ၁ လုံး တို့ကို ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့တာဖြစ်ပါတယ်။အဆိုပါ စစ်ကောင်စီ တပ်သား ၂ ဦးကို လုံခြုံတဲ့ နေရာသို့ ပို့ဆောင်ခဲ့ပြီး ကြိုးကြာနီတပ်ရင်း တပ်ရင်း ၇ မှ တာဝန်ယူစောင့်ရှောက်ထားကြောင်း၊ ဆက်လက်၍ ဂုဏ်ပြုဆုငွေ ပေးအပ်ခြင်းနှင့် ၄င်းတို့ တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များ၊ ခံစားချက်များကို မေးမြန်းပြီး ထုတ်ပြန်ကြေငြာပေးမယ်လို့ ဆိုပါတယ်။

You may have missed