မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ ပျူအမည်ခံတပ်တွေကို စောင့်ကြိုပစ်ခတ်ခံရပြီး ၃ယောက်သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ကြောင်း M.V.P Revolution Force အဖွဲ့က ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၆ရက်၊ မနက် ၉ နာရီခန့်မှာ မြိုင်မြို့နယ်၊ တွင်းမပျူရွာကနေ ထွက်လာတဲ့ ပျူစောထီးတွေကို တော်လှန်ရေးအင်အားစုတွေက အသင့်စောင့်ပြီး ပစ်ခတ်လိုက်ကြတာပါ။ နာရီဝက်ခန့် အပြန်အလှန်ပစ်ကြပြီးနောက် စစ်ကောင်စီလက်အောက်ခံတပ်တွေဘက်က ဆုတ်ခွါဖို့ကြိုးစားချိန်မှာ တော်လှန်တပ်တွေက ရှေ့တက်အားယူပစ်ခတ်နိုင်ခဲ့ပါတယ်။ ရန်သူဘက်က ထိခိုက်သေဆုံးမှုတွေကြောင့် M16သေနတ်၂လက်နဲ့အတူ G3 ၁လက်၊ 5.56 ကျည်၁၈၀တောင့်၊ G3 ကျည် ၈၀တောင့်၊ ဖုန်း၂လုံးနဲ့ icon ၁လုံး ကိုလည်း သိမ်းနိုင်ခဲ့ကြောင်း M.V.P Revolution Force အဖွဲ့က သတင်းထုတ်ပြန်ရာမှာ ပါဝင်ပါတယ်။ ဒီအောင်ပွဲမှာ စုပေါင်းတပ်တွေအနေနဲ့ကတော့ 8+အညာမြေတပ်ပေါင်းစု၊ M.V.P Revoulation force အလင်းတန်းပြောက်ပျားတပ်ဖွဲ့မြိုင် ၊ UAV frighter၊ မဟူရာအလင်းတန်းပြောက်ကျား၊ phoneix. people defence force ၊ scopion people defenceforce ၊ ဋ္ဌေးအောင်ပြောက်ကျားတပ်ဖွဲ့ ၊ ဇာမဏီdroneတပ်ဖွဲ့ ဖြစ်ကြပြီး တော်လှန်တပ်ဖွဲ့ဘက်က တစုံတရာထိခိုက်ခြင်းမရှိခဲ့ပါဘူး။
*************************
ပုလဲမြို့နယ်ရှိ ဇီးဖြူကုန်းပျူစခန်းအား ၄ ရက်ဆက်တိုက် ဒရုန်းစစ်ဆင်ရေးပြုလုပ်ရာ စစ်ကောင်စီအရာရှိ ၁ ဦးအပါအဝင် ၁၀ ဦး အပြင်းအထန်ထိခိုက်သွားတဲ့အကြောင်း BNRA က သတင်းထုတ်ပြန်ထားပါတယ်-ပုလဲမြို့နယ်ရှိ ဇီးဖြူကုန်းပျူစခန်းကို ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် (BNRA) နည်းပညာ တပ်ရင်းမှ နိုဝင်ဘာ (1)နေ့မှစ၍ နိုဝင်ဘာ (4)ရက်နေ့ထိ ဒရုန်းစစ်ဆင်ရေး ပြုလုပ်ခဲ့တဲ့အကြောင်း BNRA အနေနဲ့ ဒီကနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ် ထုတ်ပြန်ချက်ထဲမှာရက်စွဲအလိုက်တိုက်ခိုက်မှုကို ဖော်ပြထားပါတယ်
နိုဝင်ဘာ (1) ရက်နေ့ ညနေ 4:30အချိန် တို၊က်ခို၊က်မှုတွင် စစ်ကောင်စီအရာရှိတစ်ဦး၊ စစ်ကောင်စီတပ်သားတစ်ဦးနှင့်ပျူသုံးဦး စုစုပေါင်း ငါးဦး အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီအရာရှိဖြစ်သူမှာလက်မောင်း၊လည်ပင်းထိခိုက်မှု နှင့်ခြေထောက်တစ်ဖက်ဖြတ်ထုတ်ရသည့် အနေထားသို့ရောက်ရှိသွားကြောင်း ရေးသားဖော်ပြပါတယ်။နိုဝင်ဘာ (2) ရက်နေ့ နံနက် 9:00 နှင့် ညနေ 5:30 အချိန် နှစ်ကြိမ်၊နိုဝင်ဘာ (3) ရက်နေ့ ည11:30 အချိန်တွင် တစ်ကြိမ် တို၊က်ခို၊က်ခဲ့ရာ ပျူကင်းခေါင်းဆောင်တစ်ဦးအပါအဝင် ပျူသုံးဦး ထိခိုက်ဒဏ်ရာရရှိ ပြီး ပျူကင်းခေါင်းဆောင်မှာ နိုဝင်ဘာ (4) နေ့အထိ သတိမေ့မြောနေကြောင်း၊နိုဝင်ဘာ (4)ရက် ညနေ 5:00 အချိန် တို၊က်ခို၊က်မှုတွင် ပျူတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး ပျူစခန်းအတွင်းရှိ အဆောက်အုံတစ်လုံးမီးလောင်ပျက်ဆီးသွားကြောင်း၊ ရေးသားထားပါတယ်။ အခုလို (4)ရက်တာစစ်ဆင်ရေးအတွင်း စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် စုစုပေါင်း (10)ဦး ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။BNRA အနေဖြင့် ယင်းဇီးဖြူကုန်းပျူစခန်း၏ အနီးပတ်ဝန်းကျင်ရှိ ဒေသတွင်း ပြည်သူအကျိုးစီးပွားဖြစ်သော စိုက်ပျိုးရေးလုပ်ငန်း များ ကောင်းမွန်စွာ လုပ်ကိုင်နိုင်ရေးအတွက် အကောင်းဆုံးကြိုးစားကာကွယ်သွားမည်ဖြစ်ပါသည်ဟု နိုဝင်ဘာ ၇ ရက်နေ့ တိုက်ပွဲသတင်းထုန်ပြန်ချက်မှာ ပါရှိပါတယ်ခင်ဗျာ။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ