Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
April 30, 2026

ထရမ့် အစိုးရ ပြန်လည်ဦးဆောင်မယ့် အမေရိကန်နဲ့ ခိုင်မာတဲ့ဆက်ဆံရေး ဆက်ပြီးတည်ဆောက်သွားမယ်လို့ ယာယီသမ္မတပြော

အမေရီကန်ရွေးကောက်ပွဲမှာ အနိုင်ရပြီး တကျော့ပြန်သမ္မတဖြစ်လာတဲ့ ဒေါ်နယ်ထရမ့်ကို ဂုဏ်ပြုကြောင်း နဲ့ ထရမ့် အစိုးရ ပြန်လည်ဦးဆောင်မယ့် အမေရိကန်နဲ့ ခိုင်မာတဲ့ဆက်ဆံရေး ဆက်ပြီးတည်ဆောက်သွားမယ်လို့ အမျိုးသားညွတ်ရေးအစိုးရ NUG၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။NUG၊ ယာယီသမ္မတ ဒူဝါလရှီးလက သူ့ရဲ့ X ( အရင်တွစ်တာ)လူမှုကွန်ရက်ကနေ မနေ့က ညနေပိုင်းက ပြောခဲ့တာပါ။အမေရိကန်ဟာ ဒီမိုကရေစီအထွန်းကားဆုံးနိုင်ငံဖြစ်ပြီး မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွက် စစ်အုပ်စုကို အရေးယူမှုတွေကိုလည်း ဥပဒေအရ လုပ်ဆောင်ခဲ့ပါတယ်။သမ္မတ ထရမ့်ရဲ့ မိန့်ခွန်းတွေအရ အမေရိကန်ပြည်တွင်းရေးကိုသာ အလေးပေးခဲ့တာကြောင့် မြန်မာ့အရေးကို ဘယ်လိုလုပ်ဆောင်မလဲဆိုတာ စောင့်ကြည့်ရမယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက ယာယီသမ္မတ ဒူဝါလရှီးလ၊ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ဦးဆောင်အဖွဲ့ဝင်တွေဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Tom Sullivan နဲ့ USAID Asst. စီမံခန့်ခွဲသူ Schiffer နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူတွေကို ကူညီပေးပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်ပေးဖို့ ကတိကဝတ်ပြုမှုအတွက် အမေရိကန်ပြည်ထောင်စုကို ကျေးဇူးတင်ရှိတယ် လို့ပြောကြားခဲ့ပါတယ်။မြန်မာအခြေစိုက် အမေရိကန်သံရုံးရဲ့ အကြီးအကဲဖြစ်သူ ဆူဇန်အန်စတီဗီဆင်က ဘယ်သူပဲနိုင်နိုင် အမေရိကန်ရဲ့ ရှိရင်းစွဲ မူဝါဒကတော့ ပြောင်းသွားမယ် မထင်ဘူးလို့ အမေရိကန် ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၆ ရက် က ပြောကြားခဲ့ပါတယ်။

You may have missed