Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
June 24, 2026

မူဆယ် ၁၀၅ မိုင်၊ ကားလမ်းမကြီးနံဘေး နှင့် ကားကြီးကွင်းအနီး ကားလမ်းဝဲယာတစ်လျှောက်၌ ရက္ခိုင့်တပ်က ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်

မူဆယ် ၁၀၅ မိုင်၊ ကားလမ်းမကြီးနံဘေး နှင့် ကားကြီးကွင်းအနီး ကားလမ်းဝဲယာတစ်လျှောက်၌ ရက္ခိုင့်တပ်က ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်

ဖေဖော်ဝါရီ ၁၅၊ VOR

ရှမ်းမြောက်ဒေသ၊ မူဆယ် ၁၀၅ မိုင်၊ ကားလမ်းမကြီးနံဘေး နှင့် ကားကြီးကွင်းအနီး ကားလမ်းဝဲယာတစ်လျှောက်၌ ပြည်သူ့အကျိုးပြုလုပ်ငန်း၊ မြို့ရွာသန့်ရှင်းရေးလုပ်ငန်းများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြကြောင်း AA က သတင်းထုတ်ပြန်သည်။

ရှမ်းမြောက်ဒေသ၌ စစ်ဘေးကြောင့် အတိဒုက္ခရောက်နေကြသော ပြည်သူလူထုများ အပါအဝင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ နှင့် ခရစ်ယာန် သာသနာပြုကျောင်းများကို တတ်နိုင်သမျှ တနိုင်တပိုင် ထောက်ပံ့ကူညီလှူဒါန်းမှုများကို ပြုလုပ်ခဲ့ကြပြီး စစ်ဒဏ်ကြောင့် ပျက်စီးယိုယွင်းခဲ့ရသည့် အများပြည်သူနှင့်သက်ဆိုင်သော နေရာများ၊ အဆောက်အအုံများ သန့်ရှင်းရေးကိစ္စရပ်များတွင်လည်း တစ်ဖွဲ့ချင်းအလိုက် (သို့) ညီနောင်မဟာမိတ်များနှင့် အတူတကွ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် ရောက်ရှိရာဒေသများတွင် ဒေသခံပြည်သူလူထု၏ အရေးအရာများကို အဆင်ပြေချောမွေ့အောင် ဒေသခံပြည်သူလူထုများနှင့်အတူ လက်တွဲပြီး အကောင်းဆုံး ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် မည်သည့်နေရာ၊ မည်သည့်ဒေသမဆို လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားစိတ်မရှိဘဲ ပြည်သူများနှင့်အတူ ရပ်တည်ပြီး စာနာစိတ်အပြည့်ဖြင့် တတ်နိုင်သည်များကို စေတနာအပြည့်ထား၍ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

You may have missed