Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
May 21, 2026

မင်းပြားတိုက်ပွဲများတွင် စစ်တပ်ဘက်မှ သေဆုံးသူ များပြားပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

မင်းပြားတိုက်ပွဲများတွင် စစ်တပ်ဘက်မှ သေဆုံးသူ များပြားပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ၊ ရက္ခိုင်ဒေသတွင်းရှိ စစ်ကောင်စီ၏ တပ်မဌာနချုပ်နှင့် အထိုင်ချစခန်းကုန်းများအား နေ့ညမနှေး အပြီးသတ်ရယူနိုင်ရေးကြိုးစားလျက်ရှိကြောင်း ရက္ခိုင့်တပ်တော်က ဆို

ဇန်နဝါရီ ၃၀၊ VOR

ရခိုင်ပြည်နယ်၊ မင်းပြားတိုက်ပွဲများတွင် စစ်တပ်ဘက်မှ သေဆုံးသူ များပြားပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ရှေ့တန်းသတင်းအရင်းမြစ်များထံက သိရသည်။

မင်းပြားအခြေစိုက် တပ်ရင်း (၃) ခုအနက် ခမရ ၃၈၀ ကို AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကျန်ရှိနေသေးသည့် ခမရ (၃၇၉) နှင့် (၅၄၁) တပ်ရင်းတို့မှ “ခမရ (၃၇၉) တပ်ရင်း” အား ရက္ခိုင့်တပ်တော် (AA) မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ နှင့် ညနေ ၄ နာရီအချိန်တွင် စစ်ကောင်စီက မင်းပြားမြိုကို လေကြောင်းမှ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ခမရ ၃၈၀ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် စစ်တပ်ဘက်မှ သေဆုံးသူများပြားပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိကြောင်း ရှေ့တန်းသတင်းအရင်းမြစ်များထံက သိရသည်။

ရက္ခိုင်ပြည် မြို့နယ်အချို့တွင် စစ်ကောင်စီက ဆက်သွယ်ရေးဆိုင်ရာသတင်းအချက်အလက်များ ဖြတ်တောက်ထားကာ ရခိုင်ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများကို ရည်ရွယ်ချက်ရှိရှိ မိုက်ရူးရဲဆန်စွာ ပိုမိုပြုလုပ်လာနေသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်သည်။

ရက္ခိုင်ပြည်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်‌ကောင်စီတို့ကြား နှစ်ဖက်တိုက်ပွဲများ ဆက်လက်ရှိနေခဲ့ပြီး ရက္ခိုင်ဒေသတွင်းရှိ စစ်ရေးအရ သတ်မှတ်ထားသည့် စစ်ကောင်စီ၏ တပ်မဌာနချုပ်နှင့် အထိုင်ချစခန်းကုန်းများအား နေ့ညမနှေး အပြီးသတ်ရယူနိုင်ရေးကြိုးစားလျက်ရှိကြောင်း ရက္ခိုင့်တပ်တော်က ဆိုထားသည်။

You may have missed