ဇန်နဝါရီ ၃၀၊ VOR
စစ်ကောင်စီတပ်၏ Eurocopter 365 (၁) စီးအား (K.N.L.A) တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ပစ်ချ ဖျက်စီးနိုင်ခဲ့ကြောင်း KNU ဗဟိုက ယမန်နေ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဇန်နဝါရီ ၂၉ရက် မွန်းလွဲ (၂:၀၀) နာရီ ဝန်းကျင်၌ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ Eurocopter 365 (၁) စီးအား ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) KNLA – ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ ပူးပေါင်း ပစ်ချ ဖျက်စီးနိုင်ခဲ့သည်ဟု သိရသည်။
အဆိုပါ ဖြစ်စဥ်မှာ စစ်ကောင်စီတပ် အမှတ် (၃၂) ဗျူဟာပူးပေါင်းတပ်ဖွဲ့မှ ကေအဲယူန် – ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့၊ သင်္ကန်းညီနောင် အခြေစိုက် ခမရ (၃၅၆) တပ်ရင်းသို့ တာဝန်ချိန်းပြောင်းရန် လာသော မော်လမြိုင် ရတခတက် Mi – 35P Attack Helicopter (၁) စီး နှင့် Eurocopter 365 (၁) စီးတို့အား (K.N.L.A) တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ Eurocopter 365 (၁) စီးအား ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။
ထိုလေယာဥ်တွင် လိုက်ပါလာသော ဗိုလ်မှူးချုပ် အေးမင်းနောင်အပါအဝင် ဗိုလ်မှူး (၃) ဦး နှင့် ဗိုလ်ကြီး (၁) ဦး စုစုပေါင်း (၅) ဦး သေဆုံးကာ (၁) ဦး ဒဏ်ရာရခဲ့သည်။


More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ