ဇန်နဝါရီ ၂၉၊ VOR
မန္တလေးတိုင်း၊ စစ်တက္ကသိုလ်တည်ရှိရာ မေမြို့ ကန်ပတ်လမ်းတစ်နေရာတွင် တော်လှန်ရေးအလံလွှင့်ထူပြီးနောက် စစ်တပ်က လုံခြုံရေးတိုးမြှင့်နေကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များထံက သိရသည်။
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာအနီးရှိ(စစ်ကောင်စီ)၏၁၆မိုင်စစ်ဆေးရေးဂိတ်တွင်အဆင့်မြင့် ALPHA,BETA X-RAY စက်များ ယခုရက်ပိုင်းအတွင်းတပ်ဆင်ထားကြောင်း Pyin Oo Lwin SSTF အဖွဲ့ထံက သိရသည်။
ဇန်နဝါရီ ၂၇ရက်နေ့တွင် မေမြို့ရှိတက်ကြွလှုပ်ရှားသူများမှ စစ်ကောင်စီဖက်ဆစ်တပ်ကို တော်လှန်ရေးအတွက် ရည်ရွယ်ပြီး အောင်နိမိတ်လှုပ်ရှားမှုဖြစ်သော ဖက်ဆစ်တော်လှန်ရေးအလံကို လွှင့်ထူခဲ့ကြသည်။
အနီရောင်အောက်ခံ၏ အပေါ်ထောင့်တွင် အဖြူရောင်ကြယ်ပါရှိသော ဖက်ဆစ်တော်လှန်ရေးအလံအား ယနေ့နံနက် ၅ နာရီ ခွဲခန့်၌ မေမြို့ကန်ပတ်လမ်းတစ်နေရာတွင် လွှင့်ထူခဲ့ကြောင်း အဆိုပါ တက်ကြွလှုပ်ရှားသူများ၏ ပြောဆိုချက်အရ သိရသည်။
ထို့ပြင် ပြင်ဦးလွင်တပ်နယ်အတွင်းတွင်လည်းစစ်ရေးပြင်ဆင်မှု(ခုခံစစ်)အနေဖြင့် စစ်တက္ကသိုလ်စာပေ(၂)ဝင်းအတွင်း လုံခြုံရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ကာ ဆက်သွယ်ရေးတူးမြောင်းများ ကတုတ်ကျင်းများကိုအိမ်တော်အနီးတစ်ဝိုက်အထိ တူးဖော်ဆောင်ရွက်ထားကြောင်းတပ်တွင်းသတင်းအရင်းအမြစ်များအရ သိရှိရသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်