Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
May 24, 2026

လောင်းလုံမြို့တွင်း စစ်စခန်း ၄ခုအား တော်လှန်ရတပ်ဖွဲ့က သိမ်းပိုက်ထား၊ စစ်သား ‌၁၄၀ဦးသေဆုံးခဲ့

လောင်းလုံမြို့တွင်း စစ်စခန်း ၄ခုအား တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်ထား၊ စစ်သား ‌၁၄၀ဦးသေဆုံးခဲ့

ဇန်နဝါရီ ၂၈၊ VOR

လောင်းလုံမြို့တွင် ၂၀၂၃ခုနှစ်အတွင်း စစ်ဆင်ရေးပေါင်း ၇၃ ခုဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီတပ်စခန်း (၄) ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDFက သတင်းထုတ်ပြန်သည်။

ပန်းဒလဲပျူစောထီးစခန်း၊ကရင်ကြီးပျူစောထီးစခန်း၊ သကျက်တော ရဲစခန်း ရဲချောင်းပျူစောထီးကင်းစခန်းတို့အားတိုက်ခိုက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ခုခံတွန်းလှန်စစ် တစ်နှစ်တာအတွင်း စစ်ကောင်စီဘက်မှ (၁၄၀)ဦး သေဆုံး၍ (၁၁၀)ဦး ဒဏ်ရာရရှိခဲ့ကာ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF မှ ရဲဘော် (၁၄)ဦး မြင့်မြတ်စွာကျဆုံးခဲ့ပြီး ရဲဘော်(၈)ဦး အသေးစား ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ပြည်သူများအနေဖြင့် စစ်ရေးသတိအမြဲရှိနေရန် နှင့် ရန်သူစစ်ကောင်စီ၏ သွေးခွဲရေးဗျူဟာထဲမကျရောက်စေရေး အထူးသတိပြုကြပါရန် ထပ်မံအသိပေးနှိုးဆော်ထားသည်။

You may have missed