Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

စော်ဘွား ခွန်ကြည် နောက်ဆုံး အုပ်ချုပ်ခဲ့သော သထုံႏပေႏ (ဆီဆိုင်)မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -PNLA မှ နယ်မြေတည်ငြိမ်ရေးအတွက် ဝင်ရောက်ထိန်းချုပ်လိုက်ပြီး ပအိုဝ်းအမျိုးသားအလံတော်ကိုလွှင့်ထူ

စော်ဘွား ခွန်ကြည် နောက်ဆုံး အုပ်ချုပ်ခဲ့သော သထုံႏပေႏ (ဆီဆိုင်)မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -PNLA မှ နယ်မြေတည်ငြိမ်ရေးအတွက် ဝင်ရောက်ထိန်းချုပ်လိုက်ပြီး ပအိုဝ်းအမျိုးသားအလံတော်ကိုလွှင့်ထူ

ဇန်နဝါရီ ၂၈၊ VOR

ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပအိုဝ်းစော်ဘွားများခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့ပြီး စော်ဘွား ခွန်ကြည် နောက်ဆုံး အုပ်ချုပ်ခဲ့သော သထုံႏပေႏ (ဆီဆိုင်)မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -PNLA မှ နယ်မြေတည်ငြိမ်ရေးအတွက် ဝင်ရောက်ထိန်းချုပ်လိုက်ပြီး ပအိုဝ်းအမျိုးသားအလံတော်ကိုလည်း စတင်လွင့်ထူနိုင်ခဲ့သည်ဟု PNLA က ယနေ့နံနက်တွင်သတင်းထုတ်ပြန်သည်။

ပအိုဝ်းဒေသအတွင်းတွင် မိဘပြည်သူများ လွတ်လပ်လုံခြုံစွာ သွားလာနေထိုင်နိုင်ရေး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုဆောက်ရွက်နေသည်ကို အသိပေးပြီးဖြစ်သည်ဟု ဆိုသည်။

ယမန်နေ့၂၈ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စကစနှင့်လက်အောက်ခံ PNO အသွင်ပြောင်း ပြည်သူ့စစ်တို့သည် သထုံႏပေႏ(ဆီဆိုင်)မြို့နှင့် ပအိုဝ်းကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲခြင်း လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများ တနေကုန်ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ တိုက်ခိုက်ခြင်းကြောင့် ပအိုဝ်းတို့ အထွဋ်အမြတ်ထားရာဖြစ်သည့် ကောင်ႏမူႏဗွာရွာဘုန်းတော်ကြီးကျောင်း၊ သထုံႏပေႏ(ဆီဆိုင်)မြို့လယ် အရိယာမဂ္ဂင်ဓမ္မာရုံ ၊ ဟိုခဲဘုန်းတော်ကြီးကျောင်းအတွင်းရှိ အဆောက်အဦးအချို့နှင့် ဒေသခံပြည်သူလူထု၏ နေအိမ် အများအပြားပျက်စီးခဲ့ရသည်ဟု သိရသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ တည်ငြိမ်နေသည့် ဆိုက်ခေါင်မြို့တွင်းသို့ ဝင်ရောက်ကာ လက်နက်ကြီးများတပ်ဆင်ပြီး သထုံႏပေႏ(ဆီဆိုင်)မြို့နှင့် ပအိုဝ်းကျေးရွာများကို ပစ်ခတ်တိုက်ခတ်မှုပြုလုပ်ခဲ့သဖြင့် ဆိုက်ခေါင်မြို့ရှိ ပြည်သူအများအပြားသည်လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ထုတ်ပြန်ချက်က ဆိုထားသည်။

စစ်တပ်မှ ပအိုဝ်းမြို့ ပအိုဝ်းကျေးရွာများအား အကာအကွယ်ယူပြီး ပအိုဝ်းမြို့ ပအိုဝ်းကျေးရွာများကို ပြန်လည်ပစ်ခတ်ဖျက်စီးခြင်းသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်ယန္တရားကို လည်ပတ်စေသည့် အသုံးချခံဘဝမှ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံး ကူးပြောင်းရပ်တည်ကြရန်လည်း ထပ်မံ တိုက်တွန်းထားသည်။

You may have missed