ဇန်နဝါရီ ၂၇၊ VOR
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းရှိ ကျောက်ထုစစ်ဆင်ရေးခြေကုပ်စခန်းကို ပြည်သူ့တော်လှန်ရေးတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်သည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ( ၁၅ ) ဦးသေဆုံးပြီး (၇) ဦး အရှင်ဖမ်းမိကာ (၂) ဦး ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိခိုက်မှု လုံးဝမရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထားဝယ်မြို့နယ်အတွင်းရှိ ကျောက်ထုစစ်ဆင်ရေးခြေကုပ်စခန်းကို ထားဝယ်ခရိုင် T1 စစ်ကြောင်း၊ T5 စစ်ကြောင်း၊ ဒေါင်းမင်းစစ်ကြောင်း ပူပေါင်းတပ်များ၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၄၊ တပ်ရင်း ၁၂ ၊ KNLA တပ်မဟာ ၆၊ တပ်ရင်း ၂၇ တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဇန်နဝါရီ (၂၄) ရက်နေ့ ညနေ ၂ နာရီခွဲခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
၎င်းစခန်းမှ MA-1 (၄) လက်၊ MA-2 (၂)လက်၊ MA-3 (၆) လက်၊ MA-4 (၁) လက်၊ MA-5 (၁) လက်၊ ငါးကြင်းမြီး (၁) လက်၊ ငါးကြင်းမြီး ကျည်ကဒ် (၁) ခု၊ ငါးကြင်းမြီး ပြောင်းပို (၁) ခု၊ RPG (၁) လက်၊ RPG ကျည် (၅) လုံး၊ RPG ပို့ယမ်း (၃) တောင့်၊ စကစကျည်ဘောက် (၃၃) ဘောက်၊ (၆၀) မမ ကွန်မန်ဒိုစိန်ပြောင်း (၂) လက်၊ (၆၀) မမ ကျည် (၁၆) လုံး၊ ၄၀ မမကျည် (၄၂) လုံး၊ လက်ပစ်ဗုံး (၄) လုံး၊ ရှေ့ထွက်မိုင်း (၁၇) လုံး၊ တိုက်မိုင်း (၁၆) လုံး၊ တိုက်မိုင်းငုတ်တိုင် (၁၆) တိုင်၊ တိုက်မိုင်းကပ်ဖြူ့စ် (၉) ခု၊ ပလက်စတစ်နင်းမိုင်း အသေး (၃၅) လုံး၊ နင်းမိုင်းအသေး ကပ်ဖြူ့စ် (၂၅) တောင့်၊ အီနာဂါ (၄) လုံး၊ သံခမောက် (၂) လုံး၊ ၆၀မမ အောက်ခံပြား (၁) ခု၊ ၆၀ မမ ထောက်တိုင် (၁) တိုင် ၊စကားပြောစက်အသေး (၂) လုံး၊ စကားပြောစက် အထိုင်စက်အကြီး (၁) လုံး၊ စကားပြောစက်ဒိုင်နမိုအားသွင်းစက် (၁) လုံး၊ ၅.၅၆ စကစကျည် (၃၀၉၀) တောင့်၊ ၇.၆၂ စကစ ကျည် (၁၁၀၀) တောင့်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကျောက်ထုစစ်ဆင်ရေးခြေကုပ်စခန်းကြီးသည် တနင်္သာရီတိုင်းတွင် ပြည်သူ့တော်လှန်ရေးတပ်များက ပထမဆုံး သိမ်းပိုက်နိုင်ခဲ့သည့် စခန်းသိမ်းတိုက်ပွဲဖြစ်သည်ဟု NUG ကာကွယ်ရေးက ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်