ဇန်နဝါရီ ၂၇၊ VOR
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် နေဝင်းထွန်းဦးဆောင်သည့် အဖွဲ့ကို တိုက်ထုတ်ရာ အလောင်း ၁လောင်း လက်နက် ၁လက်ရရှိခဲ့ကြောင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ အသုံးချခံဘဝမှ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းရပ်တည်ကြရန် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က တိုက်တွန်းလိုက်သည်။
ယမန်နေ့ ၁၂း ၅၀ နာရီအချိန်တွင် နေဝင်းထွန်းဦးဆောင်သည့် စစ်တပ်နှင့် လက်အောက်ခံ PNO အသွင်ပြောင်း ပြည်သူ့စစ်ပူးပေါင်းအင်အား ၁၅၀ ခန့်သည် သထုံႏပေႏ(ဆီဆိုင်)မြို့နယ် လွယ်ထွဲရွာအနီးတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)ကို လာရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ယင်းပြည်သူ့စစ်အဖွဲ့ကို PNLA မှ ပြန်လည်မောင်းထုတ်ရာ အခင်းဖြစ်ပွားရာနေရာတွင် ပြည်သူ့စစ် အလောင်း ၁ လောင်းနှင့် လက်နက်၁ လက် ကျန်ရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) အနေဖြင့် ပအိုဝ်းအချင်းချင်း တိုက်ခိုက်ခြင်း မပြုပါကြောင်း ထို့ကြောင့် PNLA တပ်တည်ရှိသည့် နေရာသို့ မလာရန်၊ စစ်တပ်နှင့်ရောနှောသွားလာခြင်းမပြုရန် အကြိမ်ကြိမ် သတိပေးညှိနှိုင်းသော်လည်း နေဝင်းထွန်းဦးဆောင်သည့်တပ်က ညှိနှိုင်းမှုကိုလက်မခံဘဲ PNLA တပ်ကို နောက်ကျောမှ လာရောက်တိုက်ခိုက်သဖြင့် ပြန်လည်မောင်းထုတ်ရခြင်းသာဖြစ်သည်ဟု ဆိုသည်။
ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်ယန္တရားကို လည်ပတ်စေသည့် အသုံးချခံဘဝမှ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းရပ်တည်ကြရန်လည်း အထူးတိုက်တွန်းထားသည်။
ဆီဆိုင်မြို့ ခလရ ၄၂၄ တပ်ရင်းကို ယမန်နေ့ ဇန်နဝါရီ ၂၆ရက်နေ့တွင် PNLA က သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများရရှိခဲ့ကြောင်း (PNLA)က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ ပြည်သူများ လွတ်လပ်လုံခြုံစွာ သွားလာနေထိုင်နိုင်ရေး လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုဆောင်ရွက်နေသည်ကို အသိပေးပြီးဖြစ်ကြောင်း ထိုသို့ လုံခြုံရေးဆိုင်ရာ လှုပ်ရှားနေစဉ် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၆ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ခလရ ၄၂၄ တပ်ရင်းကို သိမ်းပိုက်ခဲ့ပြီး ယင်းသိမ်းပိုက်မှုအတွင်း လက်နက် ခဲယမ်းများကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
ယမန်နေ့တွင်လည်း စစ်တပ်မှ သထုံႏပေႏ(ဆီဆိုင်)မြို့နှင့် ကျေးရွာများကို တနေကုန် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခတ်ခြင်း၊ ဂျက်ဖိုက်တာ ၊ Y12 လေယာဉ်များဖြင့် တနေကုန် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်များ ပျက်စီးထိခိုက်မှုရှိခဲ့သည်ဟု သိရသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်