ဇန်နဝါရီ ၂၆၊ VOR
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ထိုးဒါကြီးရှိ (ဒေသအခေါ်) လေသာတောင် ဆက်သွယ်ရေးစခန်းကြီးက စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၅ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရသွား ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) က သတင်းထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၂) ဦးဆောင်ကွပ်ကဲမှုနဲ့ တောဗုံးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့ကတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။
တနင်္သာရီမြို့နယ် ၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ထိုးဒါကြီးရှိ(ဒေသအခေါ်) လေသာတောင် ဆက်သွယ်ရေးစခန်းကြီး၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ကင်းပုန်းဝပ်ပြီး ဇန်နဝါရီ(၂၅)ရက်၊ ညနေ ၃ နာရီ ၅ မိနစ်အချိန်တွင် ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၅)ဦးသေပြီး (၂)ဦး ပြင်းထန်ဒဏ်ရာရသွားသည်ဟု သိရသည်။
မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၂)မှာ မြိတ်ခရိုင်တပ်ရင်း(၂)တပ်ခွဲ(၂)၊ ကျွန်းစုမြို့နယ်ပကဖ၊ ပုလောမြို့နယ်ပကဖ၊ တနင်္သာရီပကဖ၊ Dragon squad ဒရုန်းလက်ရုံးတပ်ဖွဲ့တို့ ပါဝင်ဖွဲ့စည်းထားတဲ့ စစ်ကြောင်းဖြစ်သည်ဟု ဆိုသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်