ဇန်နဝါရီ၂၆၊ VOR
ပဲခူးတိုင်းအနောက်ပိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းပေါ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်းမှ သတင်းထုတ်ပြန်သည်။
အဆိုပါ စစ်ဆေးရေးဂိတ်ကို ဇန်နဝါရီလ ၂၅ရက်နေ့၊ နေ့လည် ၁နာရီ၊ ၄၀ မိနစ်ဝန်းကျင်တွင် ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ဆေးရေးဂိတ်ရှိ စစ်သား ၂ဦးသေဆုံးကာ ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ခိုက်ခဲ့မှုအပြီး ၎င်းစစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတင်းကြပ်လျက်ရှိနေပြီး ပြည်သူများကို ဖမ်းဆီးစစ်ဆေးခြင်း မရှိသေးကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅၊ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်