ဇန်နဝါရီ ၁၅၊ VOR
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားရေးရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဦးကျော်နီနှင့် ရန်ကုန်တိုင်းစစ်ဌာန၊ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝတို့က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့တွင် ပြည်သူကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ဒေါနစစ်ကြောင်းသို့ မြေပြင်ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ကာ ရဲဘော်များနှင့် တွေ့ဆုံခဲ့သည်ဟု ဒေါနစစ်ကြောင်းက ယနေ့သတင်းထုတ်ပြန်သည်။
တွေ့ဆုံပွဲတွင် အလုပ်သမားရေးရာ ဒု-ဝန်ကြီးက “တော်လှန်ရေးရဲဘော်များနှင့်တွေ့ဆုံကာ ရန်သူတွေက တစ်နေ့တစ်နေ့ အင်အားယုတ်လျော့လာတာမြင်နေရပြီး မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့က ဒီလို မဟာမိတ်တပ်ပေါင်းစုတွေ ဖြစ်ပေါ်မှုကို မြင်ရတာဟာ ကျွန်တော် အင်မတန်ဝမ်းသာမိပါတယ်”ဟု တော်လှန်ရေးမဟာမိတ်အင်အားစုများနှင့် တွေ့ဆုံအမှာစကားပြောကြားခဲ့သည်။
တော်လှန်ရေး၃နှစ်နီးပါးကာလအတွင်း အောင်မြင်မှု၊ ဆုံးရှုံးမှုပေါင်းများစွာ တွေ့ကြုံခံစားခဲ့ရသည့် ရဲဘော်များ၏ စိတ်ဓါတ်ခွန်အားတက်ကြွစေရန်လည်း အားပေးစကားပြောကြားခဲ့သည်ဟု သိရသည်။











More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်