ဇန်နဝါရီ ၁၅၊ VOR
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားမှုနှင့် စစ်ကောင်စီ ဒေသဦးစီးအဖွဲ့ဟောင်းက ထုတ်ပြန်ခဲ့သည့် အမိန့် ညွှန်ကြား ချက်အားလုံးကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) က ယမန်နေ့ ဇန်နဝါရီ ၁၄ ရက်တွင် ကြေညာသည်။
ထိုအမိန့်များ ဖျက်သိမ်းပြီးနောက် ကိုးကန့် အထူးဒေသ ၁ ၏ မူလဥပဒေနှင့် နည်းဥပဒေများအား ပြန်လည် အသုံးပြုသွားမည်ဖြစ်ပြီး ရှင်းလင်းမှု မရှိပါက ဒေသဆိုင်ရာအစိုးရဌာနများထံ တိုင်ပင် ဆွေးနွေးနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
MNDAA က ကိုးကန့်ဒေသတွင်း အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများ အကောင်အထည်ဖော်နေပြီဖြစ်ရာ စစ်ကောင်စီလက်အောက်ခံ ဒေသဦးစီးအဖွဲ့ဟောင်းလက် အောက်တွင် တာဝန်ထမ်း ဆောင်ခဲ့သော ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ဇန်နဝါရီ ၃၁ ရက်နောက်ဆုံးထားကာ ကိုယ်ရေးအချက်အလက်များ ပေးပို့ရန်လည်း ဇန်နဝါရီ ၁၃ ရက်က ကြေညာထားသည်။
သတ်မှတ်ရက်အတွင်း ကိုယ်ရေးအချက်အလက်များ စာရင်းလာရောက်ပေးသွင်းခြင်းမရှိသော စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းဟောင်းများအနေဖြင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များအား တာဝန်ယူရမည်ဖြစ် ကြောင်းလည်း သတိပေးထားသည်။
ကိုးကန့်ကိုယ်ပိုင်ချုပ်ခွင့်ရဒေသဖြစ်သော ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့အား စစ်ကောင်စီက ၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ခြင်း ဖြစ်သည်။
ဇန်နဝါရီ ၄ ရက် ညပိုင်းတွင် နောက်ဆုံးကျန်ရှိခဲ့သည့် ဒေသကွပ်ကဲမှု စစ် ဆင်ရေးဌာန ချုပ် (ဒကစ-လောက်ကိုင်) မှ ဗိုလ်မှူးချုပ် ၆ ဦးနှင့်အတူ ထောင်နှင့်ချီသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချခဲ့ပြီး နောက် ကိုးကန့်ဒေသတခုလုံးအား သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း MNDAA က ကြေ ညာခဲ့သည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်