ဇန်နဝါရီ ၁၅၊ VOR
ရှမ်းမြောက်ဒေသ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာရှိ စစ်ကောင်စီ ခလရ ၁၂၃ အထိုင် တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရှေ့တန်းသတင်းအရင်းမြစ်များထံက သိရသည်။
အဆိုပါ တပ်စခန်းကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ ရက်ကတည်းက တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ ဇန်နဝါရီ ၁၅ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် နမ့်ဖတ်ကာ တပ်စခန်းကို KIA က ဝင်ရောက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
နမ့်ဖက်ကာတိုက်ပွဲအတွင်း စစ်တပ်ဘက်ကလည်း လေကြောင်းမှ အပြင်းအထန်လာရောက် ဗုံးကြဲခဲ့ရာ ဒေသခံပြည်သူ ၇ ဦးသေဆုံးပြီး ဒေသပြည်သူများနီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်ရင်းကို KIA တပ်မဟာ ၄ ၊ တပ်မဟာ ၆ နှင့်တပ်မဟာ ၁၀ ပူးပေါင်းတပ်ဖွဲ့များက ရက်ပေါင်း ၂၀ ရက်နီးပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
နမ့်ဖတ်ကာမြို့ မြောက်ဘက် မူဆယ် ၁၀၅ မိုင်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ သိန္နီမြို့နယ် နှင့် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်သည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်