ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာတို့ဟာလယ်သမားတွေအပေါ် ခြိမ်းခြောက်ငွေတောင်းခံနေတာကြောင့် ထိရောက်စွာအရေးယူသွားမယ်လို့ ကျုံပျော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်လိုက်ပါတယ်။ကျုံပျော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနဲ့ မြို့နယ်လယ်ယာဖွံ့ရေးဘဏ်မန်နေဂျာ ဒေါ်အေးသီတာတို့ဟာ အာဏာသိမ်းစဥ်က ချေးထားတဲ့ စိုက်ပျိုးရေးစရိတ်ချေးငွေ ကြွေးကျန်တွေကို ဇန်နဝါရီလ (၂၄) ရက်နေ့ နောက်ဆုံးထားဆပ်ဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် သတိပေးစာပို့ပြီး တောင်းခံခဲ့တယ်လို့ သိရပါတယ်။သတိပေးစာမှာ ဥပဒေနှင့်အညီအရေးယူမယ်ဆိုပေးမယ့် ကြွေးမဆပ်ပါက ပုံစံ(၇)သိမ်းကာ လယ်ယာမြေများကို သိမ်းယူခြင်း၊ ဖမ်းဆီးထောင်ချခြင်းနဲ့ သားသမီးများကို စစ်မှုထမ်းအဖြစ် ခေါ်ယူခြင်းများ ပြုလုပ်သွားမယ်လို့ အုပ်ချူပ်မှူးတွေကို သတင်းပါးစေကာ ခြိမ်းခြောက်တောင်းခံခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အုပ်ချုပ်ရေးမှူးဟာ စစ်ကိုင်းတိုင်းကနေ ပြောင်းရွေ့လာခဲ့ပြီး ဗုံးသံ၊ သေနတ်သံကြားက လာခဲ့ခြင်းဖြစ်လို့ မည်သည့် PDFနှင့် လက်နက်ကိုင်အဖွဲ့အစည်းကိုမှ မကြောက်ဘဲ ကျုံပျော်မြို့ကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်မှာ ဖြစ်ကြောင်းနဲ့ ဘဏ်မန်နေဂျာ ဒေါ်အေးသီတာကလည်း မည်သည့်အဖွဲ့အစည်းမှ ဂရုမစိုက်ဘဲ ကြွေးမဆပ်ပါက အထက်ပါနည်းလမ်းများသုံးကာ ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးတွေနဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ကတော့ ရွေးကောက်ခံအရပ်သားအစိုးရလက်ထက် ၂၀၂၀ ခုနှစ်မှာ ပြည်သူများအဆင်ပြေစေဖို့ ထုတ်ချေးခဲ့သော စိုက်ပျိုးစာရိတ်ချေးငွေများကို လျှော်ပေးလိုက်ပြီဖြစ်ပြီး စစ်ကောင်စီကို မပေးကြဖို့ ကြေညာထားပါတယ်။ပြည်သူများ စစ်အာဏာသိမ်းမှုကြောင့် အဘက်ဘက်မှ အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်မှာ လယ်သမားများ ခြိမ်းခြောက်၊ ဆင့်ခေါ်၊ တောင်းရမ်းမှုများကို ဆက်လုပ်နေမည်ဆိုပါက ကျုံပျော်ပကဖအနေဖြင့် ထိရောက်စွာ အရေးယူသွားမယ်လို့ သတိပေးထားတာဖြစ်ပါတယ်။လက်ရှိမှာ အာရက္ခတပ်တော်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့နယ်အထိ စစ်ရေးနီးကပ်လာနေပြီး စစ်ကောင်စီက ကျုံပျော်မြို့အပါအဝင် တိုင်းအတွင်းက မြို့နယ်တွေမှာ အထူးခံစစ်တွေ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ