တနင်သာရီတိုင်း၊ ပုလောမြို့ စစ်ဖက်ရေးရာလုံခြုံရေးရုံး( စရဖ)ရုံးကို ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ပါတယ်။ဇန်နဝါရီလ ၆ရက်နေ့ ည ၁၁နာရီ ၁၀မိနစ်အချိန်မှာ ပုလောမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ တရားမဝင်စစ်ကောင်စီလက်အောက်ခံ အကြမ်းဖက် စရဖရုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
တော်လှန်တပ်တွေ စတင်ပစ်ခတ်တာနဲ့ စစ်အုပ်စုက သေနတ်(၆)ချက်ခန့် ရမ်းသမ်းပစ်ဖောက်ပြီး ကြောက်လန့်တအား ထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။အဲ့ဒီနောက် အကြမ်းဖက် စရဖရုံးကို ဝင်ရောက်ရှာဖွေရာ သေနတ်ကျည်ဘောက်(၂)ခုနဲ့ ၎င်းကျည်(၁၀၀)၊ စာရွက်စာတမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီနောက် အဆိုပါ စရဖရုံးကို မီးရှို့ရှင်းလင်းခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ