မြို့နယ်ပေါင်း ၁၄၄မြို့နယ်နဲ့ မြို့ပေါင်း ၉၅မြို့ကို တော်လှန်တပ်တွေထိန်းချုပ်ထားပြီး စစ်ကောင်စီဟာ မြို့အားလုံးရဲ့ ၃ပုံ ၁ပုံတောင်မထိန်းချုပ်နိုင်တော့ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ဇန်နဝါရီလ ၄ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။တော်လှန်ရေးတပ်တွေက မြို့နယ်ပေါင်း ၁၄၄မြို့နယ်နဲ့ မြို့ပေါင်း ၉၅မြို့ကို အပြီးသတ်သိမ်းပိုက် အုပ်ချုပ်ထားပြီးဖြစ်သလို မြို့နယ်ပေါင်း ၇၉မြို့နယ်မှာလည်း တော်လှန်စစ်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။စစ်ကောင်စီစိုးမိုးထားနိုင်တဲ့မြို့နယ်မှာ ၁၀၇မြို့နယ်သာ ကျန်ရှိပြီး ရာခိုင်နှုန်းအားဖြင့် တနိုင်ငံလုံးမြို့နယ်စုစုပေါင်းရဲ့ ၄၄ရာခိုင်နှုန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေက စိုးမိုးထိန်းချုပ်၊ အုပ်ချုပ်နေကာ ၂၄ရာခိုင်နှုန်းမှာ စစ်ဖြစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်မှာ မြို့နယ်ပေါင်းရဲ့ ၃၂ရာခိုင်နှုန်းသာကျန်တော့တာကြောင့် နိုင်ငံရဲ့ ၃ပုံ ၁ပုံတောင်စိုးမိုးအုပ်ချုပ်နိုင်ခြင်းမရှိတော့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကိုယ်တိုင်သိမ်းပိုက်ထားတဲ့မြို့တွေကတော့ ခါမ်းပါတ်မြို့၊ ရွှေပြည်အေးမြို့ ၊ မော်လူးမြို့၊ မြို့သစ်မြို့၊ စဉ့်ကူးမြို့၊ တကောင်းမြို့၊ သပိတ်ကျင်းမြို့၊ ပင်လည်ဘူးမြို့ စတဲ့ ၈မြို့နယ်ဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ တနင်သာရီတိုင်းတွေက အနည်းဆုံး ၆၇မြို့ကို တော်လှန်ရေးတပ်တွေက ဝန်းရံပိတ်ဆို့တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ