တနင်္သာရီတိုင်း၊ ပုလောမြို့ပေါ်က စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို မြိတ်ခရိုင်အမှတ်-၁ တပ်ရင်းက ဝင်ရောက်စီးနင်းကြောင်း ဇန်နဝါရီလ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီလ ၆ ရက် ည ၁၁ နာရီ ၁၀ မိနစ်အချိန်အတွင်း စီးနင်းချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးသွားကြောင်း မြိတ်ခရိုင်အမှတ်-၁ တပ်ရင်းက ပြောပါတယ်။ “စစဝင်ချင်း ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေကနေ RPG နဲ့ စတင်ပစ်ခတ်ချိန်မှာ စရဖရုံးမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ သေနတ် ခြောက်ချက်လောက်ပဲ ပစ်ဖောက်ပြီးတော့ ထွက်ပြေးသွားပါတယ်” လို့ သူက ပြောပါတယ်။ (စရဖ) ရုံးအား ဝင်ရောက်ရှာဖွေရာ သေနတ်ကျည်ဘောက် နှစ်ခု ၊ ကျည်အတာင့်၁၀၀ နှင့် စာရွက်စာတမ်းများ သိမ်းဆည်းရမိပြီနောက် အဆောက်အဦးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရပါတယ်။ ပုလောမြို့ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံးဟာ ပုလောမြို့ အမှတ် (၂) ရပ်ကွက် တွင် မြို့တော်ခန်းမနှင့်ကပ်လျက်တည်ရှိပြီး စရဖ ရုံးတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင် လေးဦး နှင့် မြို့တော်ခန်းမတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင် သုံးဦးသာရှိတယ်လို့ မြိတ်ခရိုင်အမှတ်-၁ တပ်ရင်းက တာဝန်ခံ ကိုအာနိုးက ပြောပြပါတယ်။ တပ်ဖွဲ့ဝင်များ ထိခိုက်မှုတစုံတရာမရှိခဲ့ပါဘူး။ နောက်ထပ် တနင်္ဿာရီတိုင်းတွင်း တိုက်ပွဲကတော့ ထားဝယ်မြို့နယ် မဲချောင်းစခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များ ဝင်တိုက်တာဖြစ်ပါတယ်။ ရန်သူ စစ်ကောင်စီ ၅ ဦးကို ချေမှုန်းနိုင်ပြီး တော်လှန်ရေးရဲဘော် ၃ ဦးကျဆုံးသွားပါတယ်။ မဲချောင်း(ရှစ်မိုင်)စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်ကို ဇန်နဝါရီ ၂ ရက် နေ့လည်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း (ရေဖြူ) YePhyu People Defence Force ထံက သိရပါတယ်။ တိုက်ခိုက်မှုဟာ ၁ နာရီခန့်ကြာမြင့်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်ကို သိမ်းပိုက်နိုင်ခဲ့ကာ အကြမ်းဖက်စစ်သား ၅ ယောက်သေပြီး MA ကျည်ဘောက် ၄ ခု၊ လက်ကိုင်ဖုန်း ၂ လုံး၊ စကားပြောစက် ၃ လုံး၊ ကျည် ၂၆၅ တောင့်နဲ့ အီကွေးမန့် ၁ စုံကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။ အခုတိုက်ပွဲကို ဒူကရစစ်ကြောင်းက ဦးဆောင်ပြီး ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဖက်ဒရယ်ဓူဝံကြယ်ဒရုန်းတပ်ဖွဲ့နဲ့ D.E.F-PDF ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ပြည်သူ့တော်လှန်ရေးအတွက်တော့ တော်လှန်ရေးရဲဘော် ၃ ယောက် ကျဆုံးပေးဆပ်ခဲ့ရတယ်လို့ သိရပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ