ရှမ်းပြည်နယ်တောင်ပိုင်းအစပ်နဲ့ ကရင်နီပြည်နယ် ဒီမောဆိုအနောက်ခြမ်းက စစ်ရှောင်ပြည်သူတွေကိုယ်တိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အပင်ပေါင်း ထောင်ချီစိုက်ပျိူးနေတယ်လို့ သိရပါတယ်။အဲ့ဒီဒေသကို ဒေသခံကယန်းလူမျိုးတွေနဲ့ ပြည်တွင်းပြည်ပ တက်ကြွလူငယ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ Green Land (စိမ်းလန်းမြေ တောင်တန်းဒေသသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး)အဖွဲ့က အကျိုးအမြတ်မယူဘဲ ဦးဆောင်စိုက်ပျိုးနေတာလို့ သိရပါတယ်။”အခုနှစ် မှာ အပင်ပေါင်း ၅၀၀၀ကျော်စိုက်ဖို့ထိရှိတယ် ပြုန်းတီးသွားတဲ့သစ်တောတွေနေရာမှာ အစားထိုးစိုက်ဖို့ လိုကိုလိုလာပီဖြစ်တယ်၊ ဒီနေ့ဖြစ်ပေါ်နေတဲ့ ရေဘေး၊ အပူဒဏ်တွေကြောင့် လူတွေသေရတာဟာ သဘာဝပတ်ဝန်းကျင်မထိန်းသိမ်းကြလို့ ဖြစ်တယ်”လို့ စိမ်းလန်းမြေတောင်တန်းဒေသသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတာဝန်ရှိသူတစ်ဦးက VOR ကို ပြောပါတယ်။
ရှမ်းတောင် နဲ့ ဒီမောဆိုအနောက်ခြမ်း စစ်ရှောင်ဒေသတွေမှာ သစ်အလွန်အကျွံထုတ်လုပ်မှုတွေ၊ ရွှေ့ပြောင်းတောင်ယာစနစ်အသုံးပြုမှုအပြင် အကြောင်းအမျိုးမျိုးကြောင့် သစ်တောတွေ အလွန်အကျွံ ပြုန်းတီးလာတာကြောင့် ဒေသခံတွေနဲ့ပူးပေါင်းပြီးအခုလို လုပ်ဆောင်ရတာလို့ ၎င်းက ဆက်ပြောပါတယ်။ပြီးခဲ့တဲ့ ၂၀၂၃နှစ် ဇွန်လမှာ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ဒီးမော့ဆိုအနောက်ခြမ်းဒေသ တစ်နေရာမှာ နှစ်ရှည်ပင်ပေါင်း တစ်သောင်းကျော်ထိ စိုက်ပျိုးပျိုးထောင်ခြင်းအပြင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကလည်း ပျိုးပင် အပင်ပေါင်း ၂၀၀၀ဝန်းကျင်စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးခဲ့တဲ့ ပျိုးပင်များမှာ ၉၀ရာခိုင်နှုန်းထိ အောင်မြင်နေတယ်လို့ သိရပါတယ်။အခုနှစ် ၂၀၂၅မှာ သစ်မာပင်၊ ဝါးပင်၊ စားပင် စတဲ့ အပင်ပေါင်း ၅၀၀၀ စိုက်ပျိုးသွားမှာဖြစ်ပြီး အလှူရှင်တွေလိုအပ်နေတဲ့အတွက် ပါဝင်ကူညီပေးဖို့ ဖိတ်ခေါ်ထားပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ