အခု ၂၀၂၅ခုနှစ်မှာ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်နိုင်ရေး စစ်ဆင်ရေးရည်မှန်းချက်တွေ ထားရှိထားပြီး ဝတ်မှုံကူးသယ်ဆောင်လာမယ်လို့ ကျောင်းသားလက်ရုံးတပ်တော် SAF က ဒီနေ့ ဇန်နဝါရီ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတည်းက အညာဒေသနဲ့ မြေလတ်ဒေသမှာ စစ်ဒေသတွေထားရှိကာ ပြောက်ကျားစစ်၊ လှုပ်ရှားစစ်တွေကို ဆောင်ရွက်နေတယ်လို့ ကျောင်းသားလက်ရုံးတပ်တော် – SAF က ပြောပါတယ်။အခု၂၀၂၅ ခုနှစ်ဟာ တောင်တန်းဒေသမှသည် မြေပြန့်ဒေသတွေဆီသို့ တော်လှန်စစ်ကို ဝတ်မှုန်ကူး သယ်ဆောင်လာရမယ့် နှစ်တစ်နှစ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။
လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ (EROs) တွေဆီက သင်ယူဆည်ပူးကာ အတွေ့အကြုံယူရရှိခဲ့တဲ့ လေ့ကျင့်ရေး၊ စစ်ရေး၊ ထောက်လှမ်းရေး၊ စစ်ဆင်ရေး၊ စည်းရုံးရေးဆိုင်ရာအတွေ့အကြုံတွေကို မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်နိုင်ရေး စစ်ဆင်ရေးရည်မှန်းချက်အတွက် ဝတ်မှုန်ကူးသယ်ဆောင်လာမယ်လို့ ကျောင်းသားလက်ရုံးတပ်တော်က ထုတ်ပြန်အသိပေးထားပါတယ်။ကျောင်းသားလက်ရုံးတပ်တော်ကို ၂၀၂၁ ဧပြီလမှာဖွဲ့စည်းခဲ့တာဖြစ်ပြီး အာရက္ခတပ်တော် AA ရဲ့အကူအညီနဲ့ စစ်ပညာသင်ယူ တည်ထောင် ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ