အမျိုးသားညီညွတ်ရေးအစိုးရက တရားဝင်တူးဖော်ခွင့်လိုင်စင်နဲ့ ခွင့်ပြုထားတဲ့ ရွှေလုပ်ကွက်တွေကို NUG- သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင် က သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ဝန်ကြီး ဒေါက်တာတူးခေါင်က NUGအစိုးရ တရားဝင်တူးဖော်ခွင့်လိုင်စင်နဲ့ ပြုလုပ်နေတဲ့ အလတ်စား ရွှေတူးဖော်ရေးလုပ်ကွက်တွေကို သွားရောက်စစ်ဆေးခဲ့ပြီး ရွှေတူးဖော်ရေး လုပ်ငန်းများမှာ...
Year: 2024
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော် AA သိမ်းပိုက်စဉ်အတွင်း ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူခဲ့တဲ့ သူခိုး ရာနဲ့ချီဖမ်းမိခဲ့ပြီး ပိုင်ရှင်တွေထံ ပြန်လည်အပ်နှံခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။ဘူးသီးတောင်မြို့ကို AA က အလုံးစုံသိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ ပြီးခဲ့တဲ့ မေလ ၁၈ရက်နေ့က...
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်လို့ စစ်သား ၉ဦးသေဆုံးပြီး ရိက္ခာကား ၂စီးကို ထပ်မံဖျက်ဆီးနိုင်ခဲ့တယ်လို့ PRA Magway က ထုတ်ပြန်ပါတယ်။အမ်း-ပဒါန်းလမ်းမပေါ် စွန်တက်ရွာနဲ့ လင်းတဲရွာကြားမှာ အင်အား (၅၀) ခန့်ပါ စစ်ကောင်စီရဲ့...
ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ မံစီမြို့နယ်ကြားရှိ စစ်ကောင်စီစခန်းတွေနဲ့ ဗန်းမော်တက္ကသိုလ်ကို ဒီဇင်ဘာ ၄ရက်နေ့ မှာ ကချင် လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်ထားပြီလို့ သိရပါတယ်။ဗန်းမော်- မံစီသွားလမ်းပေါ်ရှိ စစ်ကောင်စီရဲ့ ခလရ ၄၇ တပ်ရင်း ကာကင်းစခန်း...
မြန်မာပြည်မှာ စစ်အာဏာသိမ်းမှုကြောင့် ထိုင်းနိုင်ငံကိုရွှေ့ပြောင်းရောက်ရှိလာတဲ့ မြန်မာအလုပ်သမားဦးရေဟာ အလွန်များပြားနေပြီး အများစုရဲ့ အလုပ်လုပ်ခွင့် (work permit) သက်တမ်းဟာ ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ ကုန်ဆုံးပါတော့မယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ အဓမ္မအမိန့်တွေကြောင့် ပြည်ပရောက်မြန်မာအလုပ်သမားတွေဟာ...
အမ်းမြို့ကိုထိန်းချုပ်ထားနိုင်နေပြီဖြစ်ကာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တခုတည်းကိုသာ သိမ်းဖို့ကျန်တော့တဲ့အကြောင်း သတင်းများထွက်လာပါတယ်။ ဒေသခံတွေရဲ့သတင်းတွေထဲမှာတော့ AA ဟာ နပခ ကိုပဲဦးတည်ပစ်မှတ်ထားနေပါပြီ။ ရခိုင့်တပ်တော် AA ဟာ အမ်းမြို့သိမ်းပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့မှာစတင်ခဲ့တာဖြစ်ပြီး AA ရဲ့တရားဝင်ထုတ်ပြန်ချက်အရဆိုရင် နပခအပါအဝင် စစ်ကောင်စီရဲ့တပ်ရင်း...
ရခိုင့်တပ်တော်ဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့ကို ပစ်မှတ်ထားပြီး စစ်ရေးဖော်ဆောင်နေခြင်းနှင့်အတူ ကြီးမားတဲ့အောင်ပွဲနဲ့ နီးကပ်လာနေချိန်ဖြစ်ပါတယ်။ ဒီနေ့ရရှိတဲ့သတင်းတွေအရ ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့အနီး (၅) မိုင်ကျော်ခန့် အကွာ နေရာ ၂ ခုမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့...
ရခိုင်နဲ့ မကွေးအစပ် အမ်း-ပဒါန်းလမ်းပိုင်းမှာ ဖမ်းမိခဲ့တဲ့ ဗိုလ်ကြီး ၁ဦးအပါ ၁၂ဦးရှိတဲ့ စစ်သုံ့ပန်းတွေကို ဆေးကုသပေးနေတယ်လို့ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့က အသိပေးပါတယ်။အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်မှုကို ခံနေရတဲ့ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု လက်အောက်ရှိ တမိုင်ကုန်းစခန်းကနေ ဆုတ်ခွာလာတဲ့...
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြင်စည်ရဲစခန်း နဲ့ တပ်စွဲအထိုင်ချရာ စာသင်ကျောင်းတို့ကို သွားရောက်တိုက်ခိုက်လို့ စစ်သား ၇ဦးသေဆုံးကြောင်း Natogyi People Defence Force ထံက သိရပါတယ်။မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံမှာ တပ်စွဲအထိုင်ချထားတဲ့ စစ်အင်အား(၃၀)ခန့်ကို...
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ လဝကရုံးကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ပလဖထံအပ်နှံလိုက်ကြောင်း ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့(CDF) အဖွဲ့ထံက သိရပါတယ်။ဒီဇင်ဘာလ ၃ရက်နေ့မှာ ထွက်ပြေးလာတဲ့ တပ်သားမိုးမင်းအောင်ကို ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့(CDF) တာဝန်ရှိသူတွေက သူတို့ရဲ့ဂိတ်စခန်းအနီး ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။အဆိုပါ တပ်သားမိုးမင်းအောင်ဟာ...
