မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ရှိ ပြင်စည်လျှပ်စစ်ဓာတ်အားခွဲရုံစစ်တပ်နဲ့ ကနားနယ်မြေရဲစခန်းတို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်သား ၃ဦးသေဆုံးပြီး ၁ဦးထိခိုက်သွားကြောင်း Natogyi People Defence Force ထံက သိရပါတယ်။နိုဝင်ဘာလ ၂၇ရက် မနက် ၁၀နာရီခန့်မှာ မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ကနားနယ်မြေရဲစခန်းတို့ကို Shar Htoo Waw နည်းပညာဖြင့် ဗုံးသီး ၄လုံးစီ ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦးသေဆုံးပြီး ၁ဦးခြေထောက် ထိခိုက်သွားကြောင်း အတွင်းသတင်းမှ တဆင့်သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။အဆိုပါ တိုက်ခိုက်မူ့ကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀)နဲ့ Myingyan District Drone Strike တို့မှ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ