Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
June 8, 2026

ဧရာဝတီကနေ ဂွကို စစ်ကူလာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၆၀ခန့်သေဆုံး

ရခိုင်-ဧရာဝတီအစပ် ဂွမြို့နယ်မှာ အာရက္ခတပ်တော်က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး ဧရာဝတီကနေ ဂွကိုစစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ ဒေသတွင်းအတင်းတွေအရ သိရပါတယ်။နိုဝင်ဘာ ၂၆ရက်နေ့မှာ ဂွမြို့နယ်ကို စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းကို အာရက္ခတပ်တော် AA က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ၆၀ဝန်းကျင်သေဆုံးပြီး ဖမ်းဆီးရမိသူတွေ ရှိတယ်လို့ သိရပါတယ်။

သေဆုံးသူတွေထဲမှာ အရာရှိအဆင့်ရှိသူတွေနဲ့ ဧရာဝတီတိုင်းကနေ စစ်မှုထမ်းစုဆောင်းခံရသူတွေ ပါဝင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။လက်ရှိမှာ AA က ဂွမြို့အနီးထိကပ်လာတာကြောင့် နိုဝင်ဘာ ၂၅ရက်မှာ စစ်ကောင်စီက ဂွလမ်းပေါ်ရှိ ကင်းပုံတံတားကို မိုင်းခွဲဖျက်ဆီးလိုက်သလို ကင်းပုံကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအချို့ ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့ သိရပါတယ်။

ဂွမြို့နယ်အတွင်း ရွှေတွင်းတူး၊ ချင်းကုန်း၊ ဆတ်သွား၊ ဆင်ကူး၊ ကျောင်းတောင်၊ ဘာလီချောင်း၊ ကင်းပုံ စတဲ့ ကျေးရွာတွေကို AAက ဆက်တိုက်သိမ်းပိုက်ထားနိုင်ပြီး မြို့နဲ့ ခုနစ်မိုင်လောက်သာ ကွာဝေးတော့တယ်လို့ သိရပါတယ်။AA ဟာရခိုင်ပြည်နယ်က တောင်ကုတ်မြို့ကို နိုဝင်ဘာ ၂၄ရက်မှာ ထိန်းချုပ်ထားနိုင်ပြီး ဂွမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နဲ့ မောင်တောမြို့က‌ နောက်ဆုံးလက်ကျန် စခခ ၅ကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတယ်လို့ မနေ့က နိုဝင်ဘာ ၂၈ရက်မှာ ထုတ်ပြန်ထားပါတယ်။

You may have missed