အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၄၃/၂၀၂၄) ကို နိုဝင်ဘာ ၂၈ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ပါတယ်။ ထိုအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားရာ စစ်ရေးမှာသာ အသုံးစရိတ်ကိုပိုသုံးကြဖို့ အခုလို မှာကြားခဲ့တာ ဖြစ်ပါတယ်။ အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ” စစ်ရေး နဲ့ နယ်မြေစိုးမိုးရေးဖော်ဆောင်မှုကို တော်လှန်ရေး အင်အားစုတွေအားလုံး ပူးပေါင်းလုပ်ဆောင်ဖို့ ကြိုးစားကြရမှာက ပထမဆုံးသော လုပ်ငန်းဖြစ်ပါတယ်၊ ဒါ့အတွက် အဆင့်ဆင့်ဒေသရှိ တာဝန်ရှိသူများက ဒေသအလိုက် လက်နက်ကိုင်အင်အားစုများကို စည်းရုံးပြီး CoC တစ်ခုတည်းက သွားနိုင်အောင် လုပ်ဆောင်ကြပါ၊ ဒါမှသာ ပေါင်းစည်းညီညွတ်ရေးမှာ အတားဆီး ဖြစ်နေမှုများကို ဖယ်ရှားပြီး နီးနီးကပ်ကပ်ဖြစ်အောင် ပိုမိုလုပ်ဆောင်နိုင်မှာဖြစ်တယ်၊ အုပ်ချုပ်ရေးလုပ်ငန်း စဉ်များနဲ့ ပတ်သက်လို့ တော်လှန်ရေးကာလဖြစ်တာကြောင့် အခွန်ကိစ္စရပ်များအပြင် နယ်မြေစိုးမိုးရေး ပိုမိုအားကောင်းလာစေဖို့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းပေါင်း စပ်လုပ်ကိုင်ပေးကြစေလိုပါတယ်၊ လူသားချင်းစာနာထောက်ထားရေးကိစ္စကလွဲပြီး တော်လှန်ရေးကာလမှာ အရေးမကြီးသေးတဲ့ အသုံးစရိတ်များကို လျှော့ချပြီး စစ်ရေးမှာ ပိုမိုသုံးစွဲကြဖို့အချိန်ကျရောက်နေတာဖြစ်လို့ အခြားကုန်ကျမှုများကို လျော့ချပြီး နယ်မြေစိုးမိုးရေးကို အဓိကထားပြီး လိုအပ်တဲ့ အရင်းအမြစ်များ ဖြည့်ဆည်းဖို့ကို ဝိုင်းဝန်းလုပ်ဆောင်နိုင်မှသာ ပန်းတိုင်ရောက်နိုင်မှာဖြစ်လို့ အချိန်မဆွဲကြဘဲ အမြန်ဆုံး ကြိုးစားလုပ်ဆောင်ပေးကြဖို့လိုပါတယ်။” လို့ ပြောကြားသွားတာ ဖြစ်ပါတယ်။ အစည်းအဝေးတွင်း မင်းအောင်လှိုင်ဖမ်းဝရမ်းကိစ္စနဲ့ပက်သက်ပြီးတော့ ပြောကြားသွားရာမှာတော့
“ အကြမ်းဖက်သမား မင်းအောင်လှိုင်ကို ရိုဟင်ဂျာ အရေးနှင့်ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်လိုက်တဲ့ ကိစ္စကို အားလုံးလည်း ကြားသိပြီးဖြစ်ပါကြောင်း။ ဒါဟာ အမှန်တရား ချစ်မြတ်နိုးသူ ဓမ္မဘက်တော်သား ကျွန်တော်တို့တွေ ဆင်နွဲနေကြတဲ့ ပြည်သူ့နွေဦးတော်လှန်ရေးအတွက်တော့ အင်မတန်မှ အားတက်ကျေနပ်စရာ ကိစ္စတစ်ခုပဲဖြစ်ပါကြောင်း။ တိုင်းပြည် အာဏာကို မတရားတဲ့ နည်းလမ်းနဲ့ ပြည်သူ့လက်ထဲက လုယူဖို့ကြိုးပမ်းနေသူတွေအတွက် အချက် ပေးခေါင်းလောင်းသံလည်း ဖြစ်ပါကြောင်း။ အမှန်တရားဟာ အချိန်စောင့်ရတတ်ပေမယ့် ဓမ္မ ဘက်တော်သားတွေရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်တော့ ရောက်လာတတ်စမြဲပဲမို့ ကျွန်တော်တို့ ရှေ့ခရီးလမ်းအတွက် အားလုံးအတူတကွ ဆက်လက်ကြိုးစားပေးကြဖို့ကိုလည်း တိုက်တွန်းသွားပါသေးတယ်။ အဆိုပါအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း မှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားပါသည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ