ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ခါချဉ်တောင်ပေါ် တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲပြီးနောက် တိုက်ပွဲသတင်းကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၅ က နိုဝင်ဘာ ၂၉ ရက်၊ ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄၀ ဦးသေဆုံးသွားကြောင်း ပါဝင်ပါတယ်။ အင်အား ၈၀ ပါရန်သူစစ်ကြောင်းကို နိုဝင်ဘာ ၂၇ ရက်နေ့ မနက် ၆ နာရီခွဲမှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ရန်သူစစ်ကောင်စီတပ်ဟာ ပဲခူးရိုးမအတွင်း မြို့ချောင်း – စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း ခါချဉ်တောင်သို့ တက်လာစဉ် စောင့်ကြိုမိုင်းဆွဲတာလို့ ဆိုပါတယ်။ ရန်သူဘက်က ၄၀ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရကြောင်းနဲ့ နာရီဝက်ခန့်အဆိုပါတိုက်ပွဲမှာ မိမိတို့ဘက်ကမှ ရဲဘော်တဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရသွားကြောင်း ရေးသားထားပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ရာမှာတော့ ” မိုင်းကွင်းက ၃တန်းတွဲပါ။ စစ်ခွေး ၈၀ လောက်က မိုင်းရှာနေတုန်း မိုင်းကွင်း ၃ တန်းတွဲလဲရောက်ရော ခွဲလိုက်တာ အဲ့မှာ သေတာတွေ မျက်မြင်ကို ၄၀ သေတယ်။ ၁၅ ကောင်လောက်ကလည်း ခြေတွေလက်တွေပြတ်ထွက်ကုန်တာ အကောင်းအတိုင်း ကျန်တာဆိုရင် ၂၀ လောက်ပဲရှိမယ် ၁ တန်းတွဲမှာ မိုင်းအကြီးတင် ၃ လုံးနဲ့ အသေးရောဆို ၁၀ လုံးလောက်ရှိမယ်။ တစ်တန်းကို ၁၀ လုံးကျော်မယ်။ စစ်ခွေး အသေတွေကို ကား ၃ စီးနဲ့ လာသယ်သွားတာ အလောင်းတချို့တော့ တောထဲတင် ပစ်ခဲ့တယ် သတင်းကြားလို့ အခုအလောင်းတွေရှာနေကြကြောင်း၊ နောက်ပြီး စစ်ခွေးတွေက စစ်ရှောင်တဲ ၂ လုံးကို ဖျက်ဆီးသွားသေးတယ်” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က သတင်းထုတ်ပြန်ထားပါသည်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ