Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
June 25, 2026

ပဲခူးရိုးမ ခါချဉ်တောင်ပေါ်တက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်လို့ ၄၀ဦးသေဆုံးပြီး ၁၅ဦးခန့်ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ခါချဉ်တောင်ပေါ်တက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်လို့ ၄၀ခန့်သေဆုံးပြီး ၁၅ဦးခန့်ဒဏ်ရာရရှိသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ထုတ်ပြန်ပါတယ်။ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း ခါချဉ်တောင်ပေါ်တက်လာတဲ့ အင်အား ၈၀ခန့်ပါ စစ်တပ်စစ်ကြောင်းကို နိုဝင်ဘာ ၂၇ရက် မနက် ၆နာရီခွဲလောက်မှာ ဥတစ်လုံးတောင်အနီး သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းက စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၄၀ဦးနေရာတင်သေဆုံးပြီး ၁၅ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ခန့်ဖြစ်ပွားပြီး တော်လှန်ရေးရဲဘော် ၁ဦး မစိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ဆက်လက်ပြီးလည်း တိုက်ပွဲတွေ ပြင်းထန်လာနိုင်ပြီး စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးခြင်းများ ပြုလုပ်နေတာကြောင့် ပြည်သူများ ၎င်းတို့နဲ့အနီး သွားလာနေထိုင်ခြင်းမပြုလုပ်ကြဖို့ အသိပေးထားပါတယ်။

You may have missed