Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
July 8, 2025

တောင်ကုတ် တစ်မြို့လုံးကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီး မြို့တွင်း စစ်သားလုံးဝမရှိတော့ဘဲ AA ကလုံခြုံရေးဆောင်ရွက်နေ၊ ပြည်သူပိုင်ရွှေ၊ ငွေ ပစ္စည်း ခိုးယူနေသူတွေဖမ်းမိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပြင်ရှိစခန်းများအားလုံးသိမ်းပိုက်ပြီး မြို့ကိုအလုံးစုံထိန်းချုပ်ထားနိုင်ကာ မြို့တွင်းစစ်သားလုံးဝမရှိတော့ဘဲ AA က လုံခြုံရေးဆောင်ရွက်နေတာကြောင့် ပြည်သူပိုင်ပစ္စည်းခိုးယူသူတွေကို ဖမ်းမိခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီနေ့ထုတ်ပြန်ပါတယ်။တောင်ကုတ်မြို့ပြင်ရှိစခန်းများအားလုံးအပြင် မြို့အတွင်းရှိ တောင်ကုတ်မြို့မ ရဲစခန်းကို နိုဝင်ဘာလ ၄ရက်နေ့မှ ၂၀ရက်အတွင်း (၁၇) ရက်ကြာ ထိုးစစ်အပြီးမှာ သိမ်းပိုက်ရရှိခဲ့ပြီး တောင်ကုတ်မြို့တစ်ခုလုံးကို နိုဝင်ဘာလ (၂၄) ရက်နေ့မှာ အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။တောင်ကုတ် မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ယောက်မျှမရှိတော့ဘဲ အာရက္ခတပ်တော်က ထိန်းချုပ်လိုက်ပြီဖြစ်ပေမယ့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူပိုင်ရွှေ၊ ငွေ၊ ပရိဘောကပစ္စည်းတွေနဲ့ အခြေခံစားသောက်ကုန်တွေကိုပါ ခိုးယူသူတွေသာ ကျန်ရှိတော့တာကြောင့် သူခိုးများကို ခိုးရာပါပစ္စည်းတွေနဲ့အတူဖမ်းမိလျက်ရှိက AA က လုံခြုံရေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

တောင်ကုတ်မြို့ပြင်စခန်းတွေဖြစ်တဲ့ တောင်ကုတ်တက္ကသိုလ် မောင်းတံဂိတ်နဲ့ ရာဘာခြံ ရှိ စစ်ကောင်စီ၏ စခန်းများ၊ တောင်ကုတ်တက္ကသိုလ်ကျောင်းဝင်းတစ်ခုလုံးအတွင်း စစ်ကောင်စီမှ အခိုင်အမာစခန်းချနေထိုင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းဆောင်များ၊ အာလိမ်ငါးဆင့်ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်း၊ ဖုန်ညိုရွာ၊ ဘုန်းကြီးကျောင်းအနီးတောင်ကုန်း နဲ့ ဖုန်ညိုတံတား အနီးပတ်ဝန်းကျင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းများ၊ တောင်ကုတ်မြို့အဝင် စစ်ကောင်စီရဲ့ စကခ (၅) တပ်မဌာနချုပ် ဂိတ်စခန်း၊ တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်၊ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီစခန်း၊ ကြိုးကြာကွင်းဂိတ်ရှိ စစ်ကောင်စီစခန်း၊ ကိုင်းရှည်တံတားထိပ်ရှိ စစ်ကောင်စီစခန်း၊ သီရိဆေးရုံ၊ ဂုဏ်နေဒေါက်ကျင်းမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတို့ကို သိမ်းပိုက်ထိန်းချုပ်ပြီးဖြစ်တယ်လို့ သိရပါတယ်။

တောင်ကုတ်မြို့ပတ်ဝန်းကျင်ရှိ ဖက်ဆစ်စစ်ကောင်စီ စခန်းများအားလုံးကို သိမ်းပိုက်ရယူပြီးနောက် စစ်ကောင်စီရဲ့ တောင်ကုတ်မြို့အခြေစိုက် အဓိကစခန်းကြီးများဖြစ်ကြတဲ့ စကခ (၅) တပ်မဌာနချုပ် နဲ့ စကခ (၅) လက်အောက်ခံတပ်ရင်းများဖြစ်တဲ့ ခမရ (၃၄၆) နဲ့ ခမရ (၅၄၄) တပ်ရင်းဌာနချုပ် စခန်း ၃ခုကို တစ်ပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်တယ်လို့ သိရပါတယ်။အဆိုပါ စကခ ၅ရဲ့ မြို့အဝင်က ဂိတ်ကင်းစခန်းကိုလည်း AA က သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။AA ဟာ တောင်ကုတ်မြို့ရှိ ဖက်ဆစ်စစ်ကောင်စီ၏စခန်းတွေကို ထိုးစစ်ကိုမစတင်မီ ကတည်းက တောင်ကုတ်မြို့တစ်ခုလုံးကို ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားပြီးဖြစ်တာကြောင့် မြို့ကိုထိန်းချုပ်ထားနိုင်တဲ့ အနေအထားဖြစ်ပါတယ်။

ဒါ့အပြင် တောင်ကုတ်မြို့ရှိ ဒေသခံပြည်သူတွေကို အထိခိုက်အနည်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ခဲ့ပြီးဖြစ်သလို တိုက်ပွဲကင်းလွတ်ရာကို ရွှေ့ပြောင်းကယ်ထုတ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။စစ်ကောင်စီဟာ မြို့အတွင်းရှိ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခြင်း၊ ဖျက်ဆီးခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကိုပြုလုပ်ခဲ့လို့ ပြည်သူပိုင် တိုက်တာအဆောက်အအုံများ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။တောင်ကုတ်မြို့အပြင် အမ်းနဲ့ ဂွ မြို့နယ်များအတွင်းရှိ စစ်ကောင်စီ၏ စခန်းများကိုလည်း အဓိကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး မောင်တောမြို့ မှာ တစ်ခုတည်းကျန်ရှိနေတဲ့ နခခ (၅) စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ အသိပေးထားပါတယ်။

You may have missed