Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 15, 2025

UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသမှာ ပထမသုတ် စစ်မှုထမ်း သင်တန်းစပေး၊”ဝ”တောင်ပိုင်းနဲ့ မြောက်ပိုင်းက စစ်မှုမထမ်းမနေရနဲ့ အင်အား ၄၀၀၀စီကောက်ခံမယ်လို့ ဆို

“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA၊ တောင်ပိုင်း (၁၇၁) စစ်ဒေသမှာ ပထမသုတ် စစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့တယ်လို့ မနေ့နိုဝင်ဘာ ၂၆ ရက်စွဲနဲ့ထုတ်ပြန်လာပါတယ်။”ဝ” ပြည်နယ်ဟာ တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရ ဥပဒေကို အရင်တည်းက ကျင့်သုံးလာပြီး စစ်မှုထမ်းကာလကို အမျိုးသမီး ၅ နှစ်၊ အမျိုးသား ၉ နှစ်စီ သတ်မှတ်ထားတယ်လို့ Wa News Landက ဖော်ပြပါတယ်။စစ်မှုထမ်း သင်တန်းကျောင်း ဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ” ဝ ပြည်သူ ပြည်သားများ ဝ တပ်မတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုသိရှိလာစေဖို့ နဲ့ ဝ ပြည်သူတွေကို ပြည်ပရန်ကာကွယ်ခြင်းကို သိရှိစေဖို့ဖြစ်တယ်လို့ သိရပါတယ်။

UWSA ဟာ “ဝ” ပြည်၊ တောင်ပိုင်း ၁၇၁ ဒေသအတွင်း နေထိုင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း မြန်မာ-ထိုင်းနယ်စပ်က တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ တို့အပါအဝင် မြို့နယ် ၇မြို့နယ် သတ်မှတ်ထိန်းချုပ် ထားတာဖြစ်ပါတယ်။ပြည်ပနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ကြတဲ့ “ဝ” အမျိုးသားများ၊ တရားမဝင်အလုပ်သမားများ၊ စစ်မှုထမ်းရန် ရှောင်ပြေးနေသူများ အနေနဲ့ မိမိနေရပ်ဆီကို အမြန်ဆုံးပြန်လာပြီး စာရင်ပေးသွင်းကာ စစ်မှုထမ်းကြဖို့ ပြီးခဲ့တဲ့ သြဂုတ်၊ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာ-ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ထဲက နှစ်နိုင်ငံ ပိုင်နက် မသတ်မှတ်ရသေးတဲ့ နေရာမှာ UWSA တပ်ဖွဲ့တွေ ဝင်ရောက်နေထိုင်တဲ့အတွက် အဲဒီနေရာကနေ ဒီဇင်ဘာလ ၁၈ ရက် နောက်ဆုံးထားပြီး ဆုတ်ခွာဖို့ ထိုင်းစစ်တပ်က ‘ဝ’ တပ်ဘက်ကို သတိပေးထားပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ရက်က UWSA ‘ဝ’ တပ်ဖွဲ့ရဲ့ အမှတ် ၁၇၁ နယ်မြေကနေ ဝင်ရောက်လာတဲ့ စိတ်ကြွမူးယစ်ဆေးပြား ၂၆ သိန်းကို ထိုင်းစစ်တပ်က ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ပရက်စ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ “ဝ”တပ်က အင်အားအများဆုံးဖြစ်ပြီး စစ်ကောင်စီနဲ့ တိုက်ရိုက်တိုက်ခိုက်မှုမရှိပေမယ့် ၁၀၂၇စစ်ဆင်ရေးကို ဆင်နွှဲနေတဲ့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ဟာ UWSA ရဲ့ မဟာမိတ်တွေဖြစ်ပါတယ်။

You may have missed