တအာင်းပြည်တစ်နေရာမှာ PSLF/TNLAရဲ့ မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနက မူဝါဒနဲ့ ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လုပ်ဆောင်နိုင်ရေး နှီးနှောဖလှယ်ပွဲကို ၂ရက်ကြာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။နှီးနှောဖလှယ်ပွဲကို PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းများ၊ မြေစာရင်းဌာနမှ CDM ဝန်ထမ်းများ၊ မြေယာနှင့် သစ်တောဌာနရှိ ဝန်ထမ်းများ စုစုပေါင်း လူဦးရေ (၅၀)ကျော် တက်ရောက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။TNLA ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ၊ မိုးမိတ်၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ စတဲ့ မြို့ပေါင်း ၁၂မြို့ကို ၁၀၂၇စစ်ဆင်ရေး တစ်ခုလုံးအတွင်း သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ