Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
February 15, 2026

အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ရှေ့နေချုပ်က ဒီနေ့ လျှောက်ကြားလိုက်ပါပြီ

နိုင်ငံတကာ ရာဇ၀တ်တရားရုံး၏ အစိုးရရှေ့နေချုပ်သည် မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင် လူနည်းစုများအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများနှင့် ပတ်သက်၍ အာဏာသိမ်းခေါင်းဆောင်အား ဖမ်းဝရမ်းထုတ်ပေးရန် တရားသူကြီးများထံမှာ နိုဝင်ဘာ ၂၇ ရက်နေ့က တောင်းဆိုလိုက်ပါပြီ။

ပြည်သူ့အစိုးရထံမှအာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခေါင်းဆောင်ကြီးများနှင့် တက်ကြွလှုပ်ရှားသူ အမြောက်အမြားကို ဖမ်းဆီးထားတဲ့အပြင် တော်လှန်ရေးအင်အားစုများကို လိုက်လံဗုံးကြဲနေသည့် လူသတ်ကောင်ဟာ ခုတော့ နိုင်ငံတကာ ရာဇတ်ခုံရုံး အိုင်စီစီရဲ့ ဖမ်းဝရမ်းထုတ်ခြင်းခံရဖို့ ဖြစ်လာခဲ့တာပါ။ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာများကို အဓမ္မ နှိပ်စက်ညှဉ်းပန်းမှုအတွက် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများဖြင့် စွဲချက်တင်ခံထားရတာပါ။ အစုလိုက်အပြုံလိုက် မုဒိမ်းမှု၊ သတ်ဖြတ်မှုနှင့် နေအိမ်မီးရှို့ဖျက်ဆီးမှုများ ပါ၀င်သည့် လူမျိုးတုံးသတ်ဖြတ်မှုခေါင်းစဉ်နဲ့ ရာဇဝတ်မှုတွေကို မင်းအောင်လှိုင်က ကျူးလွန်ထားပြီး အရေးယူခံရဖို့ကို နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ၂၀၁၉ ခုနှစ်ကတည်းက စတင်ကြိုးစားခဲ့ကြပါတယ်။ ယခုဆိုရင် လူမျိုးတုံးသတ်ဖြတ်မှုအတွက် ပြစ်မှုထင်ရှားပြီဖြစ်သဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)၏ ရှေ့နေချုပ် Karim A.A. Khan KC က ICC တရား ရုံးတွင် ဒီနေ့မှာပဲ လျှောက်ထားလိုက်ပါတယ်။ ဒီသတင်းကို ICC တရားရုံးနှင့်အတူ ကမ္ဘာ့သတင်းမီဒီယာများမှာ အတည်ပြုဖော်ပြထားကြပါတယ်။ ရှေ့နေချုပ်ဖြစ်သူက ပြောရာမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်ပြီး ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်သတ်ဖြတ်မှုများနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရိုဟင်ဂျာများထွက်ပြေးရမှု နောက်ဆက်တွဲရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ သမာသမတ်ကျတဲ့ စုံစမ်းစစ်ဆေးမှုအပြီး မင်းအောင်လှိုင်သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်သည်ဟု ICC တရားရုံးက ဆုံးဖြတ်ချက်ချခဲ့ကြောင်း တင်ပြခဲ့ကြပါတယ်။ မြန်မာစစ်တပ်အနေနဲ့ အဆိုပါ ပြစ်မှုများကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲများနှင့် ရိုဟင်ဂျာမဟုတ်သည့် အရပ်သားများ၏ ပံ့ပိုးကူညီမှုဖြင့် ကျူးလွန်ခဲ့တာလို့ ICC ရုံးက စွပ်စွဲထားပါတယ်။ ICC တရားရုံးအနေနဲ့ မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ဖို့ လျှောက်ထားမှုသည် အဆိုပါ အမှုအတွက် သီးသန့်ဖမ်းဝရမ်းဖြစ်ပြီး နောက်ဆက်တွဲများစွာရှိသေးကြောင်းလည်း သိရသည်။ ဖမ်းဝရမ်း လျှောက်လွှာတွင် သက်သေအများ အပြား၊ စာရွက်စာတမ်းအထောက်အထားများနှင့် စစ်မှန်သောသိပ္ပံ နည်းကျ၊ ဓာတ်ပုံနှင့် ဗီဒီယိုပစ္စည်းများအပါအဝင် သက်သေထွက်ဆိုချက်များပါဝင်ကြောင်းလည်း သိရပါတယ်။ “ ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်လို့ ဖမ်းဝရမ်းထုတ်တာဖြစ်ကြောင်း၊ ဖမ်းဝရမ်းအတည်ထွက်လာဖို့ လပိုင်းလောက်ကြာနိုင်ကြောင်း” ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေဆန်းလွင်က ပြောပါတယ်။ ခုလိုဖမ်းဝရမ်းထုတ်ပေးဖို့ ပြည့်စုံတဲ့ လျှောက်ကြားမှုအပြီးမှာ ဖမ်းဝရမ်းထုတ်ရန် လိုအပ်သောစံနှုန်းများနှင့် ကိုက်ညီမှုရှိမရှိကို နိုင်ငံတကာရာဇဝတ်တရားရုံးတော်(ICC)၏ တရားသူကြီးများက ဆုံးဖြတ်ကြတော့မှာ ဖြစ်ပါသည်။

You may have missed