Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
November 7, 2025

လွိုင်ကော်တိုက်ပွဲမှာ စစ်ကောင်စီရဲ့ ခလရ ၈၀ တပ်ရင်းတခုလုံးပြုတ်သွားတယ်လို့ ကရင်နီသတင်းရင်းမြစ်တွေအရ သိရပါတယ်

နိုဝင်ဘာ ၂၆ ရက်နေ့၊ မနက် ၆ နာရီခန့်မှာ လွိုင်ကော်မြို့နယ် ၊ လင်းဖုံလေရွာအနီးကရင်နီတပ်ပေါင်းစုတော်လှန်ရေးအဖွဲ့များနဲ့ စစ်ကောင်စီတပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ တို့ တိုက်ပွဲ ဖြစ်ခဲ့ကြပါတယ်။ တိုက်ပွဲတွင် မိုးဗြဲမြို့ကုန်းသာ ဘက်မှ လင်ဖုံလေးရွာသို့ စစ်ကြောင်း ထိုးဝင်လာသော ခလရ ၈၀ တပ်ရင်း ကို ကရင်နီတပ်ပေါင်းစုက ပိတ်ဆို့ တိုက်ခိုက်ကြတာပါ။

“တပ်မ(၆၆)က ရင်းတစ်ခုလုံး ရှစ်ယောက်ပဲ ထွက် ပြေးနိုင်တယ်။ ၁၉ ယောက်အရှင်ဖမ်းမိတယ်။ကျန်တဲ့သူက အကုန်သေတယ်”လို့ သတင်းရင်းမြစ်က ဆိုပါတယ်။ KNDF ၏ ဒု စစ်ဦးစီးချုပ်မာဝီကလည်း ၎င်း၏ လူမှုကွန်ယက်တွင် တပ်မ ၆၆ လေက်အောက်ခံ ခလရ ၈၀ တတပ်လုံးနီးပါး စုပေါင်းမုန့်ဟင်းခါးချက်ကြတာပေါ့လို့ ရေးသားမျှဝေထားပါတယ်။ “မိုးဗြဲမြို့၊ ကုန်းသာရွာတိုက်ပွဲမှာ ၅ ယောက်အရှင်မိပြီး လက်နက် ၂၂ လက်ရထားကြောင်း၊ နိုဝင်ဘာလ ၂၅ ရက်နှင့် ၂၆ ရက် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ကြောင်း၊ ကျနော်တို့ဘက်က ရဲဘော်တွေထိခိုက်မှုမရှိကြောင်း ” KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဖုန်းနိုင်က သတင်းထုတ်ပြန်ထားပါတယ်။ ဖမ်းခံရသူများမှာ စစ်မှုထမ်းနဲ့ပါလာသူ ၆ ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ ကရင်နီပြည်ကို စစ်ဆင်ရေးရောက်ရှိနေတဲ့ ခလရ ၈၀ ဟာ ပဲခူးတိုင်း၊ ပြည်ခရိုင် ၊ အင်းမမြို့နယ်အခြေစိုက် တပ်ရင်းဖြစ်ပြီး ကရင်နီပြည်နယ်အတွင်း မကြာခဏ ချေမှုန်းခံနေရတဲ့ တပ်ရင်းဖြစ်တယ်လို့လည်း သတင်းများမှာ ဖော်ပြထားကြပါသည်။

You may have missed