နိုဝင်ဘာ ၂၅ ရက်နေ့က ရှားထူးဝေါနည်းပညာတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုဟာ ဗိုလ်ချုပ်ကြီးမောင်မောင်အေးရဲ့သားဖြစ်သူ မင်္ဂလာဧည့်ခံပွဲကို ပစ်မှတ်ထားခဲ့ပါတယ်။ ဒရုန်းများနဲ့ တိုက်ခိုက်မှုကြောင့် နေပြည်တော် MCC 2 ခန်းမဆောင်မှာ လုံခြုံရေးရဲနဲ့ စစ်သားတွေ ထိခိုက်သေဆုံးမှုရှိပြီး ဗိုလ်ချုပ်တချို့လည်း ကြောက်လန့်တကြား ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ရှားထူးဝေါအဖွဲ့က မနေ့ကရက်စွဲနဲ့ထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုကို ရှားထူးဝေါ်ရဲ့ Kloud drone အဖွဲ့ နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော် စစ်တိုင်း ဌာန တို့ပူးပေါင်းတိုက်ခိုက် ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ရေးသားပါတယ်။ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Kloud Drone အဖွဲ့နှင့် နေပြည်တော်စစ်တိုင်းဌာနတို့က အသေခံဒရုန်းမစ်ရှင်များကို ဆက်တိုက် အကောင်အထည်ဖော်နေကြတာပါ။ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက်ပိုင်း ပထမအကြိမ် သံတောင်ကြီး-ဘုရင့်နောင်တပ်မြို့ နှင့် လိပ်သို ဗျူဟာကုန်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာ ၁၁ရက်နံနက်ပိုင်း – သံတောင်ကြီး ဘုရင့် နောင်တပ်မြို့ အားထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ နိုဝင်ဘာလ ၅ ရက်နေ့က တတိယမစ်ရှင်မှာတော့မင်းအောင်လှိုင်တရုတ်ခရီးစဉ်အတွင်း နေပြည်တော်လေဆိပ်ကို ကာမီကာဇေခေါ် အသေခံဒရုန်းများနဲ့တိုက်ခိုက်ခဲ့ကြပါသေးတယ်။
စတုတ္ထမစ်ရှင်ကတော့ အခုသတင်းဖော်ပြနေတဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က တိုက်ခိုက်မှုဖြစ်ပါတယ်။ မနက်ပိုင်းမှာ စစ်ကောင်စီ၏ နိုင်ငံအဆင့် အစည်းအဝေးနှင့် အခမ်းအနားများ ကျင်းပရာ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန အတွင်း မောင်မောင်၏သား မင်္ဂလာဆောင်ကို ဗုံးကျဲတိုက်ခိုက်တာပဲ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ တော်လှန်ရေးတပ်ဖွဲ့များရဲ့ တိုက်ခိုက်မှု ထိခိုက်မှုတွေကို မဖော်ပြဘဲ သတင်းအမှောင်ချထားပါတယ်။ တော်လှန်ရေးတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဟာ မြေပြင်စစ်ရှုံးမှုတွေ ဆက်တိုက်ကြုံနေရပြီးနောက် ခုဆိုရင် ၄ င်းတို့ဘက်ကလည်း ဒရုန်းတိုက်ခိုက်မှုကို အသုံးချမှု တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရပါသည်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ