Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 25, 2025

ရဝမ်ရေးရာဝန်ကြီးဖြစ်သူဦးချန်းဆင်ဇီ ဟာ စစ်ကောင်စီကိုတော်လှန်ရင်းနာမကျန်းဖြစ်၍ ကွယ်လွန်ခဲ့ပါတယ်

အာဏာသိမ်းစစ်ကောင်စီကိုတော်လှန်ရင်း တော်လှန်ရေးလမ်းခုလတ်မှာပဲ ရဝမ်တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးချန်းဆင်ဇီဟာ (နိုဝင်ဘာ ၂၇ ရက်) ည ၁၀နာရီ ၂၀ မိနစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ ဆော့လော့မြို့နယ် လန်ဆယ်ကျေးရွာကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နာမကျန်းဖြစ်နေသောကြောင့် ဆေးကုသရန်ပြင်ဆင်နေချိန် ကွယ်လွန်ခဲ့ခြင်းဖြစ်တယ်လို့ KPF တပ်ဖွဲ့ မှပြောပါတယ်။

လန်ဆယ်ကိုသိမ်းတဲ့ ရှေ့တန်းမှာ အတူပါဝင်ခဲ့သူဖြစ်ပြီး အဲ့ခရီးမှာ ခရီးပန်းရာမှစလို့ နာမကျန်းဖြစ်ခဲ့ကာ ဌာနချုပ်မှာ ဆေးကုဖို့ကြိုးစားနေစဉ်မှာပဲ သတိလစ်ပြီး ခုလို ဆုံးပါးသွားကြောင်း သိရပါတယ်။ ဦးချန်းဆင်ဇီဟာ ကချင်ပြည်နယ်၊ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဦးဆောင်ကော်မတီဝင်၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးတဦး ဖြစ်ပါတယ်။ “ဝန်ကြီးက ရဝမ်လူထုအတွက်သာမကဘဲ ကျွန်တော်တို့ တော်လှန်ရေးအတွက်ရော နိုင်ငံအတွက်ပါ စံပြနမူနာယူရမယ့် ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ရဝမ်လူထုအတွက်သာမက ကျွန်တော်တို့ပူတာအိုဒေသအတွက် အားလုံးအတွက် စံပြပုဂ္ဂိုလ်ဖြစ်တယ်။ စွန့်လွှတ်စွန့်စားကိုယ်ကျိုးစွန့်ပြီး တစိုက်မတ်မတ် တော်လှန်ရေးထဲမှာပါဝင်ပြီး ကိုယ်တိုင်ရှေ့တန်းထွက် ဘဝကို စွန့်လွှတ်ပါဝင်နေသူဖြစ်တယ်” လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် ပြောခွင့်ရသူ ဦးစောနွဲ့ခွန်ဆိုင်ခမ်းက ပြောပြပါတယ်။ ရဝမ်ဝန်ကြီး ဦးချန်းဆင်ဇီ သည် ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRKH) ကော်မတီအဖွဲ့ဝင် တဦးလည်း ဖြစ်ပြီး၂၀၁၀ မှ ၂၀၁၃ ခုနှစ်အတွင်း ဖားကန့်မြို့နယ်၊ ရဝမ်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ နှင့် မြန်မာနိုင်ငံ ရဝမ်စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီဝင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ဦးချန်းဆင်ဇီ(ခ)ချန်းဂျောရ်ရမ် သည် ၁၉၇၃ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် (၅၁) နှစ်ရှိပြီဖြစ်ပါသည်။

You may have missed