မွန်ပြည်နယ် မုဒုံမြို့နယ် နဲ့ သံဖြူဇရပ်မြို့နယ်တွေက စစ်ကောင်စီ တပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရာရှိအပါ ၈ ဦးသေဆုံး ပြီး ဒဦးဒဏ်ရာရရှိတယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က သတင်းထုတ်ပြန်ထားပါတယ်။မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ စစ်ကောင်စီ အမြောက်တပ် အမတ (၃၁၈) နဲ့ သံဖြူဇရပ်က စစ်ဆေးရေးဂိတ်တို့ကို နိုဝင်ဘာ ၂၃ရက်မှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာပါ။
သံဖြူဇရပ်မြို့အဝင် ဖောင်စိန်စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အရာရှိ ၂ဦး အပါအဝင် ၃ဦး သေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့ပြီး မုဒုံမြို့နယ် အမြောက်တပ်ကို ဒရုန်းဖြင့်တိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ် ၅ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း အရာရှိအပါအဝင် စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ