Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 25, 2025

မုံရွာမြို့နယ်မှာ ကြေးနီကားတွေနဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ ကားများ ထိခိုက်ပျက်စီးမှုရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ကြေးနီကားတွေနဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ ကားများ ထိခိုက်ပျက်စီးမှုရှိကြောင်း BRAVE HEART ARMY -BHA အဖွဲ့က ထုတ်ပြန်ပါတယ်။နိုဝင်ဘာလ ၂၆ ရက်နေ့မှာ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကထွက်လာတဲ့ ကြေးနီ တင်ကား ၁၀ စီးနဲ့ သံပြားကာ ၅ စီး ပါ ယာဉ်တန်းမှ ကြေးနီတင်ဆောင်ထားတဲ့ ၈ စီးမြောက်ကားကို တော်လှန်ရေး တပ်ဖွဲ့တွေက ပ‌ဒေသာမိုင်း ၅ လုံးဖြင့် တောပုပျူစောထီးကျေးရွာ အနီးမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှု အတွင်း မိုင်းထိမှန်တဲ့ကား ထိုးရပ်သွားပြီး တော်လှန်ရေး တပ်ဖွဲ့တွေက လက်နက်ငယ်များဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်ကလည်း လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။အဆိုပါ တိုက်ခိုက်မှုကို BRAVE HEART ARMY -BHA ရဲဘော်များက ဦးဆောင်ပြီး CHINDWIN FIGHTER GROUP-CFG ဖြင့် ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

You may have missed