Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
November 7, 2025

ဖယ်ခုံမှာ ခမရ ၃၃၆က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးပစ်ခတ်လို့ ကလေးငယ် ၂ဦးအပါအဝင် ၇ဦးသေဆုံး

ကရင်နီပြည်နယ် ဖယ်ခုံမြို့မှာ ခမရ ၃၃၆က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးပစ်ခတ်လို့ ကလေးငယ် ၂ဦးအပါအဝင် ၇ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂၊ တပ်ရင်းအမှတ် (၁၀၀၆)က ဒီကနေ့ သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။

ဖယ်ခုံမြို့အခြေစိုက် ခမရ(၃၃၆)စစ်ကောင်စီတပ်ကနေ တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာတွေကို စစ်ရေးပစ်မှတ်မရှိ (၁၂၀)မမ လက်နက်ကြီး များ ပစ်ခတ်ခြင်းကြောင့် ကျေးရွာတွင်းရှိ အမျိုးသား(၂)ဦး၊ အမျိုးသမီး (၃)ဦး၊ ၂နှစ်အရွယ် ကလေးငယ်(၁)ဦး နဲ့ ၁လသားအရွယ် ကလေးငယ်(၁)ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဖယ်ခုံအင်းအရှေ့ခြမ်းရှိ ကျေးရွားများမှာလည်း အခု နိုဝင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်း၊လက်နက်ကြီး အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုနဲ့အတူ အသက်သေဆုံးခဲ့ရသော ပြည်သူများ (၁၀)ဦးထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။

-စစ်ကောင်စီသည် စစ်ပွဲများနှင့်လွတ်ကင်းရာ ဒေသခံပြည်သူနဲ့ စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာ နေရာတွေကို အခုလို ညာတာမှုကင်းမဲ့စွာ လက်နက်ကြီးများ ပစ်ခတ်ကာ ၎င်းတို့ရဲ့ လုပ်နိုင်စွမ်းအပေါ် ပြည်သူအများ စိုးထိတ်ကြောက်ရွံ့စေရမယ်လို့ ခြိမ်းခြောက်မှု ရည်ရွယ်ချက်ဟာ သိသာထင်ရှားတယ်လို့ ဆိုပါတယ်။

ဖယ်ခုံPDF(၁၀၀၆ တပ်ရင်း)အနေနဲ့ အရပ်သားပြည်သူများအပေါ် စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှု လုပ်ရပ်တွေကို ပြင်းထန်စွာရှုံ့ချပြီး စစ်ကောင်စီတပ်အနေဖြင့် မိမိ၏ရန်သူ မည်သူမည်ဝါဟူသည်သာ သဲသဲကွဲကွဲ သိမြင်ကာ စစ်ရေးပစ်မှတ်ထားဖို့ အသိပေးထားပါတယ်။

You may have missed