ကျားဖြန့်လို့ လူသိများတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းကို ထိုင်းဘက်ကတော့ Call center အမှုလို့ လူပြောများပြီး ဒီလိမ်လည်မှုကိုဖြိုခွင်းဖို့ “ခရင်မန်ကုန်ထောင်” ဆိုတဲ့ အမည်နဲ့ စစ်ဆင်ရေးကို ထိုင်းနိုင်ငံ CIB ဌာနကပြုလုပ်ခဲ့ပါတယ်။ ထိုင်း ၁ ဦး၊ တရုတ်...
Day: November 28, 2024
အာဏာသိမ်းစစ်ကောင်စီကိုတော်လှန်ရင်း တော်လှန်ရေးလမ်းခုလတ်မှာပဲ ရဝမ်တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးချန်းဆင်ဇီဟာ (နိုဝင်ဘာ ၂၇ ရက်) ည ၁၀နာရီ ၂၀ မိနစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ ဆော့လော့မြို့နယ် လန်ဆယ်ကျေးရွာကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နာမကျန်းဖြစ်နေသောကြောင့် ဆေးကုသရန်ပြင်ဆင်နေချိန် ကွယ်လွန်ခဲ့ခြင်းဖြစ်တယ်လို့ KPF...
ကရင်နီပြည်နယ် ဖယ်ခုံမြို့မှာ ခမရ ၃၃၆က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးပစ်ခတ်လို့ ကလေးငယ် ၂ဦးအပါအဝင် ၇ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂၊ တပ်ရင်းအမှတ် (၁၀၀၆)က ဒီကနေ့ သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။ ဖယ်ခုံမြို့အခြေစိုက် ခမရ(၃၃၆)စစ်ကောင်စီတပ်ကနေ တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများ နေထိုင်ရာ...
မွန်ပြည်နယ် မုဒုံမြို့နယ် နဲ့ သံဖြူဇရပ်မြို့နယ်တွေက စစ်ကောင်စီ တပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရာရှိအပါ ၈ ဦးသေဆုံး ပြီး ဒဦးဒဏ်ရာရရှိတယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က သတင်းထုတ်ပြန်ထားပါတယ်။မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ စစ်ကောင်စီ...
တအာင်းပြည်တစ်နေရာမှာ PSLF/TNLAရဲ့ မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနက မူဝါဒနဲ့ ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လုပ်ဆောင်နိုင်ရေး နှီးနှောဖလှယ်ပွဲကို ၂ရက်ကြာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။နှီးနှောဖလှယ်ပွဲကို PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့...
"ဝ" ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် - UWSA၊ တောင်ပိုင်း (၁၇၁) စစ်ဒေသမှာ ပထမသုတ် စစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့တယ်လို့ မနေ့နိုဝင်ဘာ ၂၆ ရက်စွဲနဲ့ထုတ်ပြန်လာပါတယ်။"ဝ" ပြည်နယ်ဟာ တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရ ဥပဒေကို...
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ကြေးနီကားတွေနဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ ကားများ ထိခိုက်ပျက်စီးမှုရှိကြောင်း BRAVE HEART ARMY -BHA အဖွဲ့က ထုတ်ပြန်ပါတယ်။နိုဝင်ဘာလ ၂၆ ရက်နေ့မှာ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကထွက်လာတဲ့ ကြေးနီ...
မန္တလေးတိုင်း မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ်နဲ့ နောင်ချိုမြို့နယ်တို့မှာ တိုက်ပွဲများ ဖြစ်ပွားနေပြီး အဆိုပါမြို့တွေက သိမ်းပိုက်ထားတဲ့နေရာတွေကို အပြည့်အဝထိန်းချုပ်ထားဆဲလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဒီနေ့ထုတ်ပြန်ပါတယ်။စစ်ကောင်စီဟာ ၄င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ တပ်စခန်းများနဲ့ နယ်မြေများကို ပြန်လည်ရရှိရန် ကြိုးစားနေပေမယ့်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်...
နိုဝင်ဘာ ၂၂ ရက်နေ့ကတိုက်ပွဲစခဲ့ပြီး နိုဝင်ဘာ ၂၅ မှာတော့ ပွိုင့် ၃ တောင်ကုန်းကို သိမ်းနိုင်ခဲ့ပြီလို့ချင်းအမျိုးသားတော်လှန်ရေးတပ် C N A က ပြောပါတယ်။ စစ်ကောင်စီရန်သူအင်အား ၄၀ ခန့်ရှိတဲ့ အဆိုပါတောင်ကုန်းဟာ အရင်က...
နိုဝင်ဘာ ၂၆ ရက်နေ့၊ မနက် ၆ နာရီခန့်မှာ လွိုင်ကော်မြို့နယ် ၊ လင်းဖုံလေရွာအနီးကရင်နီတပ်ပေါင်းစုတော်လှန်ရေးအဖွဲ့များနဲ့ စစ်ကောင်စီတပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ တို့ တိုက်ပွဲ ဖြစ်ခဲ့ကြပါတယ်။ တိုက်ပွဲတွင် မိုးဗြဲမြို့ကုန်းသာ ဘက်မှ...