အမ်းမြို့နယ်အခြေစိုက် အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း- စအရ ၉၁၉ ကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းယူလိုက်ပြီလို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။အဆိုပါ အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း(ခေါ်) BEတပ်ဟာ အမ်းတစ်မြို့လုံးကို မိုင်းထောင်ထားပြီး ဖောက်ခွဲရေးနဲ့ ဒရုန်းကျွမ်းကျင်သူ စစ်အင်ဂျင်နီယာများ နဲ့ နည်းပညာရှင်များ အထိုင်ချထားတဲ့စခန်းဖြစ်ပြီး သုံ့ပန်း ၅၀ကျော် ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ တိုက်ပွဲတွေပြင်းထန်နေပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးထိ AA က အနီးကပ်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း(BE) တပ်ဟာ အမ်းမြို့ အထွက် ရန်ကုန်-စစ်တွေ ကားလမ်းပိုင်းပေါ်မှာ အခြေစိုက်တဲ့တပ်ရင်းဖြစ်ပြီး အမ်းမြို့မ ရဲစခန်းကို AA သိမ်းပိုက်စဉ် ရဲတပ်ဖွဲ့မှူး နဲ့ စခန်းမှူး အပါအဝင် တပ်သားအချို့ BE တပ်ထဲ ပူးပေါင်းရောက်ရှိနေတယ်လို့ သိရပါတယ်။
အမ်းမြို့ကို စစ်ကူပို့တဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာလည်း တိုက်ခိုက်ခံနေရပြီး နိုဝင်ဘာ ၂၅ရက်က အမ်း-ပဒါန်းလမ်းပိုင်းမှာ အမ်းမြို့ကို စစ်ကိုလာတဲ့ စစ်တပ်စစ်ကြောင်းကို AA၊ မင်းဘူးခရိုင်တပ်ရင်းနဲ့ အရှိုချင်းကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၄ဦးသေဆုံးပြီး စစ်လက်နက်ပစ္စည်းတွေလည်းသိမ်းဆည်းရမိခဲ့ပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ရက်နေ့ကလည်း အမ်းကိုလာတဲ့ စစ်ကောင်စီရဲ့ အင်အား ၅၀၀ကျော်ပါ စစ်ကူအဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ရာ အမ်း-ပဒါန်းအနီမှာ စစ်သား ၆၀ကျော်ခန့်သေဆုံးပြီး ကျန်စစ်သားတွေ ကစဉ့်ကလျားထွက်ပြေးနေရတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေက ဖော်ပြပါတယ်။စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ အမ်းမြို့မှာ မြို့မရဲစခန်းအပါအဝင် ရာခိုင်နှုန်း ၉၀ ကျော်ကို AA သိမ်းပိုက်ထားတယ်လို့လည်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ