Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 25, 2025

လွိုင်ကော်ကို ချီတက်လာတဲ့ တပ်မ ၆၆ စစ်ကြောင်း တခုလုံး ချေမှုန်းနိုင်ခဲ့ပြီး စစ်သား ၄၀ ကျော် သေဆုံး၊ စစ်မှုထမ်းတပ်သားသစ် ၆ ဦးဖမ်းမိ

ကရင်နီပြည်၊ လွိုင်ကော်ကို ချီတက်လာတဲ့ တပ်မ ၆၆ စစ်ကြောင်းကို ကရင်နီတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့လို့ စစ်သား ၄၀ ကျော်သေဆုံးပြီး ၆ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။နိုဝင်ဘာလ ၂၅ ရက်နေ့က မိုးဗြဲကတဆင့် လွိုင်ကော်မြို့ကို အင်အား ၈၀ ကျော်နဲ့ ချီတက်လာတဲ့ စစ်ကောင်စီတပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ တပ်သားတွေကို မိုးဗြဲမြို့၊ ကုန်းသာကျေးရွာအနီး ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံး ချေမှုန်းနိုင်ခဲ့ကာ အဲ့ဒီစစ်ကြောင်းကနေ ၄၀ကျော် သေဆုံးပြီး အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခြင်းခံရသူ ၆ ဦးအရှင်ဖမ်းမိခဲ့ကာ လက်နက် ၂၂ လက်ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။အဆိုပါ တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ တပ်ရင်းဟာ ပဲခူးတိုင်း၊ ပြည်ခရိုင် ၊ အင်းမမြို့နယ်အခြေစိုက်ထားတဲ့ တပ်ရင်းတွေဖြစ်ပြီး ကရင်နီဘက်ကို စစ်ကူပို့စဉ် တိုက်ခိုက်ခံရခြင်းဖြစ်ပါတယ်။

You may have missed