Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 16, 2025

ပြည်ပရောက်အစိုးရအဖွဲ့ဝင်များပြန်လာရန်သမ္မတတိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၈/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပြီး အောက်ပါအတိုင်း အသေးစိတ်ဆွေးနွေးခဲ့ကြရာမှာ ပြန့်ကြဲနေတဲ့ အလင်းတန်းတွေ ပြန်စုစည်းဖို့ ၊ ပျံ့နေတဲ့ အလင်းတွေကို မှန်ဘီလူးနဲ့ စုဆုံပြီး မီးတောက်တစ်ခု ပျိုးနိုင်ဖို့ အခုလို တိုက်တွန်းခဲ့တာကို အောက်ပါအတိုင်း ဖော်ပြခဲ့ပါသည်။

◾️ နွေဦးတော်လှန်ရေးဟာ – လွတ်လပ်ပြီးခေတ်နောက်ပိုင်း အကြီးကျယ်ဆုံးသော လူထုတော်လှန်ရေး ဖြစ်တာကြောင့် ယခင်တုန်းက လုပ်ရိုးလုပ်စဉ်တွေအတိုင်း သွားလိုတော့ မရတော့ဘူးလို့ ယာယီသမ္မတ ပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၈/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက “ အပြောင်းအလဲတွေက ခပ်စိပ်စိပ်လာနေတယ်ဆိုတာ တွေ့ရပါတယ်။ တချိုကလည်း အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး စိုးရိမ်ချက်တွေ ရှိနေတာတွေ့ရပါတယ်။ တကယ်တော့ တော်လှန်ရေးဆိုတဲ့ အနက်သဘောကိုယ်၌က၊ အပြောင်းအလဲကို ဖော်ဆောင်ခြင်းဖြစ်တယ်ဆိုတာကို ကျွန်တော်တို အားလုံး သတိရဖို လိုပါတယ်။ အဲသည့် အပြောင်းအလဲ‌တွေဟာ တိုင်းပြည်နဲ့ လူထုအတွက် ကောင်းတဲ့ အပြောင်းအလဲတွေဖြစ်ဖိုပဲကျွန်တော်တို အားလုံး ဝိုင်းဝန်း ရှေ့ရှုရမယ်လို ယူဆရပါတယ်။ ကျွန်တော်တိုဟာ အပြောင်းအလဲကို စိုးရိမ်လို မရပါဘူး။ အပြောင်းအလဲကို ကြီးမှူးနိုင်ဖိုကသာ အဓိကကျတယ်လို နားလည်ထားဖို လိုပါတယ်။ အခုဆိုရင် ကျွန်တော်တို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီးဌာန အသီးသီးက သက်ဆိုင်ရာ ကဏ္ဍနယ်ပယ်အလိုက် လုပ်ရမယ့် မဟာဗျူဟာ ဆွေးနွေးချက်တွေကို လုပ်နေတာ ရှိပါတယ်။ ကျွန်တော်တိုဟာ လာမယ့် ၂၀၂၅ ခုနှစ်အတွက်လည်း ကြိုတွက်ပြီး ပြင်ထားဖို လိုသလို ၂၀၃၀ လောက်အထိ အကြမ်းဖျင်း တွက်ချက်ပြီး ချိန်ဆလုပ်ဆောင်တာတွေလည်း ရှိသင့်တယ်လို ထင်ပါတယ်။ လက်ရှိ အခင်းအကျင်းကတော့ ကျွန်တော်တို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲနဲ့ နိုင်ငံရေးအရ – စစ်ရေးအရ တိုက်ရိုက် ချိတ်ဆက်မှု အားနည်းတဲ့ အင်အားစုတွေမှာ ထင်မှတ်မထားတဲ့ စစ်ရေး – နိုင်ငံရေး ဖိအားတွေ ကြုံနေတာတွေ့ရပါတယ်။ အထူးသဖြင့် ဖိအားလို ပြောတဲ့နေရာမှာ – တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးသဘောထား ရလဒ်က ထွက်လာတဲ့ ဖိအားတွေလို ပြောနိုင်ပါတယ်။ ဒါတွေကို ကျွန်တော်တို လျစ်လျှူရှုလို မရပါဘူး။ ဒါကို မဟာဗျူဟာအပြောင်းအလဲ အနေနဲ့ ရှုမြင်ပြီး – တော်လှန်ရေးအတွက် ဘေးထွက်ဆိုးကျိုး မကြီးမားအောင် ဘယ်လို လုပ်မလဲဆိုတာ စဉ်းစားကြဖို ဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ – တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖျင်း ကြည့်လိုက်ရင် – စစ်ရေးအရ နိုင်ငံရေးအရ China Dependency ရှိနေတယ်ဆိုတာလည်း တွေ့ရတယ်။ ဒါက အရင်ကလည်း ရှိတယ်။ အခုလည်း ရှိတယ်။ အဲဒါက အကြမ်းဖက်စစ်ကောင်စီအနေနဲ့လည်း ကြီးကြီးမားမား ရှိနေတာ တွေ့ရတယ်။ ဒါက လက်တွေ့ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တိုက ငြင်းပယ်လို မရသလို လျစ်လျှူရှုပစ်လိုက်လိုလည်း မရပါဘူး။” လို့ ပြောကြားပါတယ်။ ဆက်လက်ပြီးတော့လည်း “ကျွန်တော်တိုအနေနဲ့ရော … မဟာဗျူဟာ စဉ်းစားချက်တွေ ရွေးချယ်တဲ့အခါ – China Dependency ကနေ အလွှမ်းမိုးမခံရအောင် ဘယ်လို alternative စဉ်းစားချက်တွေ ရှိထားမလဲဆိုတာ အင်မတန် အရေးကြီးတယ်လို ထင်ပါတယ်။ နွေဦးတော်လှန်ရေးဟာ – လွတ်လပ်ပြီးခေတ်နောက်ပိုင်း အကြီးကျယ်ဆုံးသော လူထုတော်လှန်ရေးဖြစ်တာကြောင့်၊ ယခင်တုန်းက လုပ်ရိုးလုပ်စဉ်တွေအတိုင်း သွားလိုတော့ မရတော့ဘူးလို ယူဆပါတယ်။ ကျွန်တော်တိုဟာ ဖောက်ထွက်စဉ်းစားရမယ်၊ လက်တွေ့ကျကျလည်း စဉ်းစားရမယ်။ ပြီးတော့ လူထုကို အထိမနာအောင် ဘေးထွက်ဆိုးကျိုးတွေကိုလည်း သေချာတွက်ချက် စဉ်းစားဖို လိုတယ်လို ပြောချင်ပါတယ်။ အခုဆိုရင် တော်လှန်ရေးဟာ (၄) နှစ်ပြည့်လာတော့မှာဖြစ်ပါတယ်။ အခြေအနေ ပေးထားချက်တွေထဲကနေ အလုပ်ဖြစ်အောင် ကျရာကဏ္ဍကနေ ကိုယ်စီ ပါဝင် ထမ်းရွက်ကျတဲ့ ကျွန်တော်တို အစိုးရအဖွဲဝင်အားလုံးကို ကျွန်တော် လေးစားဦးညွှတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တိုသတိချပ်ဖို လိုတာက အင်အားဆိုတာက ပြည်တွင်းမှာ အခြေစိုက်ရပါတယ်။ ကျွန်တော်တို အန်ယူဂျီအစိုးရက “အဝေးရောက်အစိုးရ” ဖြစ်လို မရပါဘူး။ လက်တွေ့ကျကျ မြေပြင်မှာ အင်အားတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လေးလေးနက်နက် တိုက်တွန်းချင်တာကတော့ – ကျွန်တော်တို အစိုးရအဖွဲဝင်တွေအားလုံး – အင်အားတွေကို ပြည်တွင်းမှာ လာစုကြဖို လက်တွေ့ကျကျ လုံလထုတ်စေချင်ပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းအတွက် အချိန်ယူသင့်သလောက် ယူပြီးပြီလိုလည်း ပြောနိုင်သလို၊ အချိန်ပေးသင့်တာထက် ပိုပြီး ပေးခဲ့ပြီးပြီလိုလည်း ပြောနိုင်ပါတယ်။ ဒါ့ကြောင့် မြေပြင်အင်အားကို စုစည်းဖိုအတွက် ပြည်တွင်းမှာ အင်အားတွေလာစုဖို နိုင်ငံပြင်ပကို ရောက်ရှိနေကြတဲ့ အစိုးရအဖွဲဝင် များကို အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။ ပျံ့နေတဲ့ အလင်းတွေကို မှန်ဘီလူးနဲ့ စုဆုံပြီး မီးတောက်တစ်ခု အစထပ်ပျိုးကြဖိုလည်း တိုက်တွန်းလိုပါတယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ စစ်ရေးကဏ္ဍဘက် အားစိုက်နေကြသလို နိုင်ငံရေး process ဘက်မှာလည်း ခပ်စိပ်စိပ် ဆွေးနွေးလာကြတာ၊ ဦးစားပေးလာကြတာ တွေ့ရတာမို့ ကျွန်တော်တို့ အစိုးရအနေနဲ့တော့ မိမိတို့အစိုးရရဲ့ မူလတာဝန်တွေ၊ စစ်ရေးဆိုင် ရာလှုပ်ရှားမှုတွေအပြင် တော်လှန်ရေး အရွေ့အတွက် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးကြတဲ့ကဏ္ဍ တွေနဲ့ ညှိနှိုင်းမှုလုပ်ဆောင်ကြရမယ့် ကဏ္ဍတွေ အတွက်လည်း အပြိုင်အားထည့်လုပ်ဆောင် ကြရမယ့်အချိန် ဖြစ်ပါတယ်။ ၂၀၂၅ ဟာ ကျွန်တော်တို့ တော်လှန်ရေးအတွက် တကယ့်ကို အလှည့်အပြောင်းတွေ ဖြစ်လာမယ့် နှစ်ဖြစ်ပါတယ်။ ဒီအတွက် ဝန်ကြီးများအားလုံး တော်လှန် ရေးအရွေ့အတွက် ထိရောက်မှုရှိစေမယ့် လုပ်ငန်းဆောင်တာများကို ဦးစားပေး လုပ်ဆောင် ကြဖို့ ထပ်မံတိုက်တွန်းပြောကြားလိုပါတယ်။ ” လို့ ပြောကြားပါတယ်။

အစည်းအဝေးမှာ ပညာရေးဝန်ကြီးဌာနက မြေပြင်ကွင်းဆင်းခရီးစဉ်တင်ပြတာ ၊ အမျိုးသမီး ၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက အမျိုးသားညီညွတ်ရေးအစိုးရ ဂျန်ဒါတန်းတူညီမျှမှု မူဝါဒတင်ပြတာ တွေကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

You may have missed