နေပြည်တော်၊ MICC2 ခန်းမမှာ ဗိုလ်ချုပ်ကြီးမောင်မောင်အေးရဲ့သားဖြစ်သူ မင်္ဂလာဧည့်ခံပွဲကျင်းပမှာဖြစ်လို့ စနစ်တကျ ပြင်ဆင်တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်သားနဲ့ရဲ ထိခိုက်သေဆုံးမှုတွေရှိခဲ့ ကြောင်း Shar Htoo Wor အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။နိုဝင်ဘာ ၂၅ရက်နေ့မှာ နေပြည်တော် MICC2ခန်းမအတွင်း စစ်အုပ်စု ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးမောင်မောင်အေးရဲ့သားဖြစ်သူ မင်္ဂလာဧည့်ခံပွဲကျင်းပမည်ဖြစ်ကြောင်း၊ စစ်အုပ်စု ခေါင်းဆောင်များတက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသဖြင့် စနစ်တကျပြင်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် လုံခြုံရေးဆောင်ရွက်နေတဲ့ ရဲနဲ့ စစ်သားတစ်ချို့ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး အခမ်းအနားတက်ရောက်လာကြတဲ့ စစ်အုပ်စု ဗိုလ်ချုပ်အချို့မှာလည်း ကြောက်လန့်ထွက်ပြေးကာ ဝရုန်းသုန်းကားဖြစ်ခဲ့ကြောင်း နေပြည်တော်အတွင်းသတင်းရင်းမြစ်များထံမှ ပြန်လည်ကြားသိရတယ်လို့ ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ရဲ့ Kloud drone အဖွဲ့နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပေါင်းပြီး Fixed wing drone ဖြင့် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ရဲ့ Kloud Drone အဖွဲ့နဲ့ နေပြည်တော်စစ်တိုင်းဌာနတို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့ကလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ တရုတ်ပြည်ခရီးစဉ်ထွက်ခွာချိန် နေပြည်တော်လေဆိပ်သို့ Fixed wing အသေခံဒရုန်းများဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့် ဗိုလ်မှုး ၁ဦး၊ ဗိုလ်ကြီး ၁ဦး၊ တပ်ကြပ်ကြီး ၁ဦး၊ တပ်သား ၂ဦး၊ လေဆိပ်လုံခြုံရေး ၂ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ