မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲက ဌာနဆိုင်ရာရုံးတွေကို စီးနင်းတိုက်ခိုက်လို့ ရဲစခန်းက ရဲများထွက်ပြေးကာ ဌာနဆိုင်ရာ ရုံးတွေက စာရွက်စာတမ်းများမီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်း Popa Guerilla Force(PGF)အဖွဲ့ထံက သိရပါတယ်။ငါ့သရောက်မြို့နယ်ခွဲရှိ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဋ္ဌာန၊ ပြန်ကြားရေးဋ္ဌာန၊ ဆောက်လုပ်ရေးဋ္ဌာန၊ ဆက်သွယ်ရေးဋ္ဌာန တို့ကို နိုဝင်ဘာ ၂၅ရက် မနက်ပိုင်းက Popa Guerilla Force(PGF)နဲ့ မဟာမိတ် ညီနောင်များက ဝင်ရောက် စီးနင်းခဲ့တာလို့ သိရပါတယ်။
ငါ့သရောက်နယ်မြေရဲစခန်းမှ ရဲများ ထွက်ပြေးတိမ်းရှောင်သွားတာကြောင့် ဋ္ဌာနဆိုင်ရာအသီးသီးမှ စာရွက်စာတမ်းများကို မီးရှို့ခဲ့ပြီ စစ်ကောင်စီ နေရာယူမယ့် နေရာများ ခံစစ်တည်ဆောက်ထားတဲ့ တိုက်တန်း အိမ်ယာများကိုလဲ ဖြိုဖျက်ခဲ့တယ်လို့ သိရပါတယ်။အခုစစ်ဆင်ရေးဟာ စစ်တပ်ထောက်တိုင်များ ပြိုလဲဖို့ ရည်ရွယ်ပြီး အဓိကလုပ်တောင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။အဆိုပါစစ်ဆင်ရေးကို Popa Guerrila Force (PGF)နဲ့အတူ ညောင်ဦးမြို့နယ် ပကဖ(ပုဂံပြည်ဘီလူးတပ်)၊ တောင်သာမြို့နယ်ပကဖ၊ ညောင်ဦးခရိုင် တပ်ရင်း ၅၊ မြင်းခြံ ခရိုင်တပ်ရင်း ၃၊ 21 Bagan (ညောင်ဦးမြို့နယ်ပကဖ တပ်ခွဲ ၃)၊ ဗိုလ်လက်ယာ (မြိုင်) အဖွဲ့ တို့မှ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ငါ့သရောက်-ဇဂျမ်းလမ်းပေါ် သွားလာနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ယာဉ် ၄ စီးနဲ့ ဆိုင်ကယ် ၃ စီးပါ အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရဲ ၃ ဦး သေဆုံးကာ ၉ ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး M22 (AK) သေနတ်တစ်လက်နဲ့ ဆိုင်ကယ် ၃စီးတို့ကို သိမ်းဆည်းရရှိခဲ့ပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ